အိန္ဒိယမှာ အစိုးရက စားနပ်ရိက္ခာ တိုးပေးမည်

  • 19 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption လူဦးရေရဲ့ တဝက်လောက်ဟာ အစိုးရ ဝေပေးတဲ့ ရိက္ခာတွေ အပေါ်မှီနေရ

အိန္ဒိယအစိုးရက စားနပ်ရိက္ခာတွေ လျော့စျေးနဲ့ ဖြန့်ဝေပေးတဲ့ အစီအစဉ်ကို နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံအထိ ရအောင် တိုးချဲ့ ပေးသွားဖို့ အတည်ပြုလိုက် ကြပါတယ်။

ဒီ အတွက်ကြောင့် အစိုးရရဲ့ စားနပ်ရိက္ခာ ဖြန့်ဝေရေးမှာ သုံးတဲ့ ဘတ်ဂျက် ငွေဟာ နောက်ထပ် တနှစ်ကို ဒေါ်လာ သန်းငါးထောင် အထိ တိုးပြီး ကုန်ကျ တော့မှာ ဖြစ်ပါတယ်။

အခုလောလောဆယ် စားနပ်ရိက္ခာ ဖြန့်ဝေရေးအတွက် သုံးနေရတဲ့ ငွေက တနှစ်ကို ဒေါ်လာ သန်းပေါင်း တသောင်းသုံးထောင်လောက် ရှိနေပါတယ်။

ဝေဖန်သူတွေကတော့ အစိုးရက တိုင်းပြည် ဘဏ္ဍာကိုသုံးပြီး နိုင်ငံရေး ထောက်ခံမှုရအောင် လုပ်နေတယ်လို့ ဝေဖန်လိုက်ပြီး အစိုးရမှာ ဒီစရိတ်အတွက် ကုန်ကျခံနိုင်တဲ့ ငွေရှိရဲ့လားဆိုတာလဲ မေးခွန်းထုတ်လိုက်ကြပါတယ်။

ထောက်ခံသူတွေကတော့ ချမ်းသာသူနဲ့ ဆင်းရဲသူတွေကြား ကွာဟမှုကို လျော့နဲသွားစေမယ်ဆိုပြီး ကြိုဆိုကြပါတယ်။