အီရတ် နိုင်ငံရေး မတည်ငြိမ်မှု တိုးလာ

  • 19 ဒီဇင်ဘာ 2011
maliki.jp
Image caption အီရတ် ဝန်ကြီးချုပ် နိုရီ အဲလ် မာလီကီ

အီရတ် နိုင်ငံ မှာတော့ နိုင်ငံရေး အားပြိုင် မှုတွေ အရှိန် တက်လာ နေပါတယ်။ နိုင်ငံ တွင်းက ဆွန်နီနိုင်ငံရေး ခေါင်းဆောင်တွေ ကို ရှီဟိုက်တွေ ကြီးစိုး ထားတဲ့အစိုးရဘက် က ဖိအားတွေ ပေးလာနေ ပါတယ်။

အီရတ်ရဲ့ ဒုတိယ သမ္မတ တွေထဲက တယောက် ဖြစ်တဲ့ တာရက်ခ် အဲလ် ဟာရှီမီ နဲ့ သူ့ရဲ့ ကိုယ်ရံ တော် တချို့ ကို တရား ရုံးတော် က ဖမ်း ဝရမ်း ထုတ် ထားပါတယ်။

ဒါတွေဟာ နောက်ဆုံး ကျန်နေတဲ့ အမေရိကန် တပ်တွေ အီရတ်က ထွက်သွား ပြီး နာရီပိုင်း အကြာနဲ့ ဆွန်နီ အများစု ကို ကိုယ်စား ပြုထားတဲ့ အီရတ်ကီယာ အဖွဲ့ ပါလီမန် ထဲကထွက် သွား ခဲ့ပြီး နောက်တရက် အကြာ မှာ ဆက်ဖြစ်လာ တာတွေပဲ ဖြစ်ပါတယ်။

ဒီအဖွဲ့က တော့ ရှီဟိုက် ဝန်ကြီးချုပ် ဖြစ်တဲ့ နိုရီ အဲလ် မာလီကီ ကို အာဏာကို ချုပ်ကိုင် လွန်းအားကြီး တယ်ဆိုပြီး စွပ်စွဲ ထားကြပါတယ်။