ဖိလစ်ပိုင်မှာလူ ၈၀၀ ကျော်ပေျာက်ဆုံး နေဆဲ

  • 19 ဒီဇင်ဘာ 2011
_philippines_storm_triggers_deadly_floods ဓာတ်ပုံ မူပိုင် b
Image caption ရေတွေထဲမှာ သွားလာ နေကြတဲ့ ဖိလစ်ပိုင် ပြည်သူများ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက မုန်တိုင်းဒဏ် နဲ့ ရေလွှမ်းမိုးမှု အပြင်းအထန် ခံခဲ့ရတဲ့ မင်ဒါနာအို ကျွန်းမှာ တော့ သေဆုံးခဲ့ ရသူ ဒါဇင်ပေါင်း များစွာ ကို သင်္ဂြိုဟ် နေကြပြီ ဖြစ်ပါတယ်။

အီလီဂန် မြို့မှာဆိုရင် ဘယ်သူ ကမှ လာရှာ ပြီး မယူကြတဲ့ သေဆုံးခဲ့တဲ့ လူတွေကို ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ ကို နောက်မှ ခွဲခြား ဖို့အတွက် အထောက်အထား တွေလုပ်ပြီး အရင် သင်္ဂြိုဟ် ခဲ့တယ်လို့ အဲဒီက ကျန်းမာရေး အရာရှိ တွေက ပြောပါတယ်။ ဒီသဘာဝ ဘေးဆိုးကြီးကြောင့် လူ ပေါင်း ၆၅၀ ကျော် အသက်ဆုံးရှုံး ခဲ့ရ သလို ၈၀၀ ကျော်လောက် ပေျာက်ဆုံး နေဆဲ ဖြစ်ပါတယ်။

စစ်သား ထောင်ပေါင်း များစွာက ကယ်ဆယ်ရေး လုပ်ငန်း တွေကြိုးစား လုပ်ဆောင် နေကြ ပေမယ့် အခုထက်ထိ ဝေးလံ တဲ့ ဒေသတွေ က ရေမြုပ်နေတဲ့ ကျေးရွာတွေဆီ မရောက်နိုင်ဘဲ ရှိနေပါတယ်။ လူပေါင်း ၃၅၀၀၀ လောက်ဟာ ကယ်ဆယ်ရေး စခန်း တွေမှာ ရှိနေ ဆဲပဲဖြစ် တယ်လို့ သိရပါတယ်။ တချို့ကတော့ ကျန်ရှိနေတဲ့ သူတို့ရဲ့ နေအိမ် တွေမှာပဲ လျှပ်စစ် မီးနဲ့ သောက်သုံးရေ မရရှိဘဲ နေ နေကြရ ပါတယ်။

ဖိလစ်ပိုင် ရဲ့ ဒုတိယ သမ္မတ ကတော့ ဒီ ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင် ကြတဲ့ မုန်တိုင်းနဲ့ ရေဘေးသင့် ပြည်သူတွေကို နေထိုင်ဖို့ အတွက် အိမ်ယာ တွေပေး ပြီး ပြန်လည် နေရာ ချထား ပေးမှာ ဖြစ်တယ်လို့ ပြောသွား ပါတယ်။

ဒီလို မုန်တိုင်း ချဉ်းကပ် လာနေတာကို အာဏာပိုင် တွေဘက်က အရေးပေါ် သတိပေး ချက်တွေ လုံလုံ လောက်လောက် မထုတ်ပြန်ခဲ့ ဘူးလို့လဲ ဝေဖန်နေ ကြပါတယ်။ ဒါပေမယ့် နိုင်ငံတွင်းက သဘာဝ ဘေးဆိုင်ရာ အေဂျင်စီ ကတော့ အဲဒီ ဒေသတွေက တာဝန်ရှိသူ တွေနဲ့ အရပ်နေ လူထုကို သောကြာနေ့က မုန်တိုင်း ဝင်မတိုက်မီ ၃ ရက် လောက်ကြိုပြီး သတိပေး ထားခဲ့တယ်လို့ ဆိုပါတယ်။အခု မုန်တိုင်းဒဏ် ခံခဲ့ ရတဲ့ ဒေသတွေဟာ ဖိလစ်ပိုင် နိုင်ငံထဲကို နှစ်စဉ် ဝင်တိုက်နေကျ တိုင်ဖုန်း မုန်တိုင်းတွေ တိုက်ခတ်ရာ လမ်းကြောင်းရဲ့ တောင်ဘက် တော်တော် လှမ်းလှမ်းမှာ ရှိနေတာ ဖြစ်ပါတယ်။