ရိက္ခာ စရိတ် တိုးပေးပေမယ့် အိန္ဒိယ လူထုဆီရောက်မှာလား

  • 20 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption စားနပ်ရိက္ခာ အတွက် အစိုးရ ပိုတိုးထောက်ပံ့မယ်

အိန္ဒိယမှာ လူဦးရေရဲ့ သုံးပုံနှစ်ပုံ နီးပါးအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှု တိုးချဲ့ အစီအစဉ်ကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီဆောင်ရွက်ချက်ကြောင့် အိန္ဒိယ အစိုးရရဲ့ စားနပ်ရိက္ခာ အသုံးစရိတ်ဟာ ဒေါ်လာ သန်းငါးထောင်ကျော် သွားလိမ့်မယ်လို့ ယူဆရပါတယ်။

လက်ရှိ စားနပ်ရိက္ခာ အစီအစဉ်မှာ အဂတိ လိုက်စားမှု ဆိုးဆိုးရွားရွား ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မျက်နှာပန်း မလှ ဖြစ်နေရတာပါ။

ဒါပေမယ့် ဒီအစီအစဉ်ကို ထောက်ခံသူတွေကတော့ အိန္ဒိယက ဆင်းရဲ ချမ်းသာ ကွာဟမှုကို ဖြည့်စွမ်းပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။