အီးယူ အဖွဲ့ဝင် ဖြစ်ရေး ယူကရိန်း အတိုက်အခံ လွှတ်ပေး

  • 20 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် none
Image caption အတိုက်အခံ ခေါင်းဆောင် တီမိုရှင်းကိုး

ယူကရိန်းမှာ အတိုက်အခံ ခေါင်းဆောင် Yulia Tymoshenko ကို ထောင်ချလိုက်တဲ့ ကိစ္စဟာ ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင်ဖြစ်ဖို့ကို ပိုပြီး နှောက်နှေးသွားစေတယ်လို့ ဥရောပ သမဂ္ဂက သတိပေးလိုက်ပါတယ်။

ယူကရိန်းအား အဖွဲ့ဝင် ဖြစ်ရေးနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးတို့ အပါအဝင် အီးယူ အနေနဲ့ လက်မှတ်ထိုးချင် ပေမယ့် ဒါတွေ အားလုံးက နိုင်ငံရေး အခြေအနေပေါ် မူတည်နေတယ်လို့ ယူကရိန်းမှာ ရောက်နေတဲ့ ဥရောပ ကောင်စီ ဥက္ကဌ Herman Van Rompuy က ဆိုပါတယ်။

အီးယူအနေနဲ့ အစိုးရိမ်ဆုံး ကိစ္စက တရားစီရင်ရေးမှု နိုင်ငံရေး ဆက်နွယ်နေတဲ့ တီမိုရှင်းကိုးလို ကိစ္စမျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။