ဟားမတ်စ် အဖွဲ့ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့နဲ့ ပေါင်းပြီ

  • 23 ဒီဇင်ဘာ 2011
Image caption PLO ဆွေးနွေးပွဲ

ဂါဇာဒေသကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ် အဖွဲ့ဟာ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ PLO နဲ့ ပူးပေါင်းလိုက်ပါပြီ။

ဂျော်ဒန်မြစ် အနောက်ဖက် ကမ်းဒေသကို ထိန်းချုပ်ထားတဲ့ ပြိုင်ဖက် ဖာတာ အဖွဲ့ နဲ့ အတူ ပီအယ်အို အဖွဲ့ဝင် ဖြစ်ရေး အတွက် ဟားမတ်စ်က သဘောတူချက် ရခဲ့တာ ဖြစ်ပါတယ်။

ကိုင်ရိုမြို့မှာ သုံးရက်ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို သဘောတူညီချက် ရခဲ့တာ ဖြစ်ပြီး ဒါဟာ ပါလက်စတိုင်း ပြန်လည် ပေါင်းစည်းရေး အတွက် ရှေ့ပြေး အစီအစဉ် တခု ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်း ဆိုင်ရာ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

ဒါပေမယ့် အစ္စရေးနဲ့ ဆွေးနွေးဖို့ ဆန့်ကျင်တဲ့ ဟားမတ်ကို PLO အဖွဲ့ထဲ ဝင်ခွင့် ပေးလိုက်တာ ဟာ နှစ်နှစ်ဆယ်ကျော်ကြာ PLO အဖွဲ့က ကြိုးစားနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရမ်းကို ရှုတ်ထွေး စေလိမ့်မယ်လို့ သူက ဆိုပါတယ်။