လူထု စိုးရိမ်အောင် အီရတ် ဝန်ကြီးချုပ် ဖန်တီးနေ

  • 23 ဒီဇင်ဘာ 2011
Image caption ဝရမ်း ထုတ်ခံထားရတဲ့ ဒုတိယ သမ္မတ Tariq al-Hashemi

အီရတ်မှာ ရှီးယား အနွယ်ဝင် ဝန်ကြီးချုပ် နိုရီအယ် မလီခီက သူ့ကို ဖမ်းဝရမ်း ထုတ်လိုက်တာဟာ တိုင်းပြည်ကို ဒုက္ခရောက်အောင် ဖန်တီးလိုက်တာသာ ဖြစ်တယ်လို့ ဆွန်နီ အနွယ်ဝင် ဒုတိယ သမ္မတ တာရစ်အယ် ဟာရှီမီက ပြောပါတယ်။

မစ္စတာ မလီခီဟာ ဖက်က စတင် လုပ်ဆောင်မှုတွေဟာ ထိန်းရသိမ်းရခက်စေပြီး အဲဒီအတွက် အီရတ် ပြည်သူတွေကို စိုးရိမ် သောက ဖြစ်စေတယ်လို့ မစ္စတာ ဟာရှီမီက ဘီဘီစီ ကို ပြောပါတယ်။

အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေတယ် ဆိုပြီး စွဲချက်တင် ဖမ်းဝရမ်း ထုတ်ခံထားတဲ့ မစ္စတာ ဟာရှီမီက နိုင်ငံမြောက်ပိုင်း က ကာ့ဒ် အာဏာပိုင်တွေရဲ့ အကာအကွယ် ပေးမှုနဲ့ အတူ အဲဒီ ဒေသတွင်းမှာ နေထိုင် နေတာ ဖြစ်ပါတယ်။

ဒီလို ဖမ်းဝရမ်း ထုတ်မှုကို တုန့်ပြန်တဲ့ အနေနဲ့ အယ် အီရတ်ကီယား ဆိုတဲ့ ဆွန်နီ နိုင်ငံရေး သမားတွေ ပါတဲ့ အဖွဲ့က မစ္စတာ မလီခီရဲ့ အစိုးရ အဖွဲ့ထဲက နှုတ်ထွက် ခဲ့ပါတယ်။