အီရတ်ဒုသမ္မတကို ဖမ်းဆီးမိန့်ထုတ်

  • 21 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် bbc
Image caption ဒုသမ္မတကို တရားစီရင်ဖို့ ဒေသန္တရ အစိုးရတွေ အနေနဲ့ တာဝန်ရှိယူရမှာ ဖြစ်တယ်

အီရတ်နိုင်ငံတောင်ပိုင်းက ကာ့ဒ်ဒေသ အာဏာပိုင်တွေ အနေနဲ့ ဒုသမ္မတ ဖြစ်သူ တာရတ် အဲလ် ဟတ်ရှီမီကို ဖမ်းဆီးပြီး အစိုးလက်ထဲ လွှဲပြောင်း ပေးဖို့ အီရတ် ဝန်ကြီးချုပ် နိုရီအဲလ် မာလီကီက ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်ချက် ကနေ ပြောကြားသွားပါတယ်။

မစ္စတာ မာလီကီက ဒုသမ္မတ ဟတ်ရှီမီကို တရားစီရင်ဖို့ လိုအပ်ကြောင်းနဲ့ ဒီကိစ္စအတွက် ဒေသန္တရ အစိုးရတွေအနေနဲ့ တာဝန်ယူရမှာ ဖြစ်တယ်လို့ ပြောကြားသွားတာပါ။

မစ္စတာ အဲလ်ဟတ်ရှီမီကို အခုလို ဖမ်းဆီးဖို့ ဝရမ်း ထုတ်ပြန်လိုက်တာဟာ ရှီယာမွတ်ဆလင် ဖြစ်တဲ့ ဝန်ကြီးချုပ် မစ္စတာမာလီကီနဲ့ ဆူနီ နိုင်ငံရေး ခေါင်းဆောင်တွေအကြား အချိန် ကြာမြင့်စွာ တအုံနွေးနွေး ဖြစ်နေတဲ့ တင်းမာမှုတွေကို ပိုမို ကြီးထွားလာစေခဲ့ပါတယ်။

ဆူနီနိုင်ငံရေးသမားတွေက မစ္စတာမာလီကီကို အာဏာရှင်ဖြစ်လာနေပြီလို့ စွပ်စွဲ ထားတာ ဖြစ်ပါတယ်။

ဆူနီတွေအနေနဲ့ ပါလီမန်ကို သပိတ်မှောက်ထားတာ ပြန်မရုပ်ဘူးဆိုရင်တော့ အစိုးရအဖွဲ့မှာ ပါဝင်တဲ့ ဆူနီနိုင်ငံရေးအုပ်စုက ဝန်ကြီးတွေကို ထုတ်ပယ်ရလိမ့်မယ်လို့ မစ္စတာ မာလီကီက ပြောပါတယ်။

ဒါပေမယ်လို့ အခုလိုဖြစ်နေတဲ့ အကျပ်အတည်းကို ကြိုးပမ်း ဖြေရှင်းရေး ဆွေးနွေးကြဖို့ အတွက် နိုင်ငံရေး အဖွဲ့အားလုံးကို သူက ဖိတ်ခေါ်ထားပါတယ်။