ဆီးရီးယားမှာ သေဆုံးသူ ငါးထောင်ကျော်ပြီ လို့ ခန့်မှန်း

  • 23 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption Arab League အစည်းအဝေး ကျင်းပနေပုံ

မတ်လကတည်းက စတင်ဖြစ်ပွားနေတဲ့ ဆီးရီးယား နိုင်ငံက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု တွေအတွင်း သေဆုံးသူ ငါးထောင်ကျော်သွားပြီလို့ အာရပ် အဖွဲ့ချုပ်ရဲ့ အကြို စုံစမ်း စစ်ဆေးရေး အဖွဲ့က ခန့်မှန်းထားပါတယ်။

ဆီးရီးယားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်စေဖို့ ရည်ရွယ်ပြီး အာရပ် အဖွဲ့ချုပ်က အခုလို နိုင်ငံတွင်း ဝင်ရောက် ကြည့်ရှုစစ်ဆေးဖို့ ဆောင်ရွက်ခဲ့တာပါ။

ငြိမ်းချမ်းရေး အစီအစဉ် အရ လမ်းပေါ်က အစိုးရ တပ်ဖွဲ့တွေ ရုတ်သိမ်းဖို့ ၊ အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အတိုက်အခံနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အချက်တွေကို လိုက်နာ ဆောင်ရွက်ရဲ့လား ဆိုတာကို စစ်ဆေးရေးမှူးတွေက ဝင်ရောက် စစ်ဆေး နေတာလည်း ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရ ကတော့ မငြိမ်မသက်မှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဝဝဝကျော် သေဆုံးခဲ့တယ်လို့ ပြောနေသလို အဲဒီလုံခြုံရေး တပ်ဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ အတိုက်အခံတွေက ဆိုနေပါတယ်။