အာဖဂန်နယ်စပ် တိုက်ခိုက်မှု အမေရိကန်တာဝန်ရှိ

  • 22 ဒီဇင်ဘာ 2011
US Pakistan attacks
Image caption အမေရိကန် ဗုံးကြောင့် ပါကစ္စတန် စစ်သားတွေ သေဆုံး

ပြီးခဲ့တဲ့ နိုဝင်ဘာလ က အာဖဂန်နစ္စတန်နဲ့ နယ်စပ်မှာ အမေရိကန် လေယာဉ်တွေက ဗုံးကြဲ တိုက်ခိုက်လို့ ပါကစ္စတန် စစ်သား ၂၄ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှာ အမေရိကန်တွေက သူတို့မှာလဲ တာဝန် ကြီးကြီးမားမား ရှိကြောင်း ပထမဆုံး အကြိမ် ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အမေရိကန်တွေက စုံစမ်းစစ်ဆေးရေး ပြုလုပ်ခဲ့ပြီး အမေရိကန် တပ်တွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ လုပ်ခဲ့တာ ဖြစ်တယ်၊ သင့်တင့်ရုံ အင်အားကိုပဲ သုံးခဲ့တာ ဖြစ်တယ်လို့ ကောက်ချက်ချ ခဲ့ပေမဲ့ ပါကစ္စတန် စစ်တပ်နဲ့ ညှိနှိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ် လို့လဲ ဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန် သတင်းစာ Wall Street Journal က ရရှိခဲ့တဲ့ အဲဒီ အစီရင်ခံစာထဲမှာ အမေရိကန်တပ်တွဟာ အမှားအယွင်းတွေ အများကြီး လုပ်ခဲ့ပြီး ပါကစ္စတန်ဖက်ကိုလဲ သတင်းမှားတွေ ပေးခဲ့တယ်လို့ ကောက်ချက်ချ ထားပါတယ်။

အဲဒီ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတဲ့နောက် ပါကစ္စတန်ဖက်က ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး နေတိုးတပ်တွေ အတွက် ရိက္ခာပို့နေရတဲ့ ပါကစ္စတန် နယ်စပ် လမ်းကြောင်းကို ပိတ်ထား ခဲ့ပါတယ်။