ခရစ်စမတ်အကြို ဆုတောင်းပွဲတွေ ကျင်းပ

  • 25 ဒီဇင်ဘာ 2011
pope ဓာတ်ပုံ မူပိုင် AP
Image caption ပုပ်ရဟန်း မင်းကြီး ဘန်းနဲဒစ်

အနောက်ဘက်ကမ်းက ဘက်သလီဟမ် မြို့မှာတော့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ကမ္ဘာ့ လှည့် ခရီးသွားတွေ အတူ စုဝေးလို့ ခရစ်စမတ်စ် ပွဲတော် ကိုဆင်နွှဲကြမှာဖြစ် ပါတယ်။

အစပိုင်းမှာ သခင် ယေရှု မွေးဖွား ခဲ့တဲ့ နေရာ၊ ကနဦး အသင်းတော် ရှိရာ ကနေ သန်းခေါင်ယံ ဝတ်ပြု ကိုးကွယ် ခြင်းနဲ့ စတင် ကြမှာ ဖြစ်ပါ တယ်။

ဂျေရုဆလင် မြို့က လက်တင် ပက်ထရီအာ့ချ် ကတော့ အရှေ့ အလယ်ပိုင်း ဒေသအတွင်း ငြိမ်းချမ်း လုံခြုံမှု ရှိရေး အတွက် တောင်းဆို ထားပါတယ်။

ဗာတီကန် မြို့ မှာတော့ ပုပ်ရဟန်း မင်းကြီး ဘန်းနဲဒစ် က ခရစ်စမတ်စ် အကြို ဝတ်ပြု ဆုတောင်း ပွဲကို ခါတိုင်း လုပ်နေကျထက် ၂ နာရီ စောလို့ ကျင်းပခဲ့ ပါတယ်။ ဒါကတော့ အသက် ၈၄ နှစ် ရှိပြီ ဖြစ်တဲ့ ပုပ်ရဟန်း မင်းကြီး သန်းခေါင်လွန် ချိန် အထိ အနား မရဘဲ ရှိနေမှာ စိုးတဲ့ အတွက် လို့ ဆိုပါတယ်။

အဲဒီ ဗာတီကန်က ဆုတောင်းပွဲမှာတော့ ရိုးရာ နို့နှစ်ရောင် နဲ့ ရွှေအိုရောင် ဝတ်ရုံကိုဆင်မြန်း ထားတဲ့ ပုပ်ရဟန်း မင်းကြီး က ရွေ့လျား ပလက်ဖောင်း ကို အသုံး ပြုလို့ တက်ရောက် လာခဲ့ ပါတယ်။

အစောပိုင်း တုန်းကတော့ ပုပ်ရဟန်း မင်းကြီးက စိန့်ပီတာ ရင်ပြင်ကို လှမ်းမြင် နေရတဲ့ သူ့ရဲ့ အခန်း ပြူတင်းပေါက် မှာ ရိုးရာ ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်တဲ့ ဖယောင်း တိုင်ကို ထွန်းညှို ခဲ့ပါတယ်။

ဒီနေ့ ခရစ်စမတ်စ် နေ့မှာတော့ ပုပ်ရဟန်း မင်းကြီးက စိန့်ပီတာ ကနေ ပြီး ကမ္ဘာကို သူ့ရဲ့ ခရစ်စမတ်စ် သတင်းစကား ကို ပြောကြား သွားမှာ ဖြစ်ပါတယ်။