ပြင်သစ်က တူရကီနဲ့ မူဆလင်တွေကို သွေးခွဲနေ

  • 24 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan

ပြင်သစ် သမ္မတ Nicolas Sarkozy ဟာ ရွေးကောက်ပွဲမှာထောက်ခံမဲ ရဖို့ တူရကီနဲ့ မူဆလင်တွေကို လူတွေ မုန်းတီးလာအောင် ဖန်တီးနေတယ်လို့ တူရကီက စွပ်စွဲ ပြောကြား လိုက်ပါတယ်။

ဒါအပြင် အယ်ဂျီးရီးယားမှာ ပြင်သစ် ကိုလိုနီ အုပ်စိုးတုန်း ပြင်သစ်တွေလည်း လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တာပါဘဲလို့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က ပြောပါတယ်။

ပထမ ကမ္ဘာစစ်တုန်းက အာမေးနီးယန်း တွေကို အော်တိုမန် တူရကီတွေက လူမျိုးတုန်း သတ်ဖြတ်တာဟာ ရာဇဝတ်မှုမြောက်တယ်လို့ ပြင်သစ် အောက်လွှတ်တော်က အတည်ပြု ခဲ့ပြီး တရက်အကြာမှာ တူရကီ ဝန်ကြီးချုပ်က ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြင်သစ်မှာ ရွေးကောက်ပွဲ မဲအနိုင်ရဖို့ ဘယ်သူဆီကမှ ထောက်ခံချက် မလိုဘူး တိုင်းပြည် အားလုံးဟာ သူတို့ရဲ့ အတိတ်ကို ပြန်ကြည့်ဖို့ လိုတယ်လို့ မစ္စတာ ဆာကိုဇီက တိုက်တွန်းလိုက် ပေမယ့် ပြင်သစ် ဝန်ကြီးချုပ် Alain Juppé ကတော့ နှစ်ဖက် စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ပန်ကြားလိုက်ပါတယ်။