မော်စကိုမှာ အကြီးအကျယ် ဆန္ဒပြကြ

  • 25 ဒီဇင်ဘာ 2011
moscow_russia_protest_demo
Image caption မော်စကို မြို့က ဆန္ဒပြ နေကြသူများ

ရုရှားနိုင်ငံက မော်စကိုမြို့တော်မှာတော့ ပြီးခဲ့တဲ့ လက ကျင်းပ ပြုလုပ် ခဲ့တဲ့ ပါလီ မန် ရွေးကောက် ပွဲနဲ့ ပတ်သက်လို့ မကျေ နပ်ကြသူ ထောင်ပေါင်း များစွာက အကြီး အကျယ် ဆန္ဒပြ ခဲ့ကြ ပါတယ်။

ဆန္ဒပြ လာသူ တွေက ခရာတွေ မှုတ်ခဲ့ ကြသလို အာဏာမှာ ၁၀ နှစ် ဝန်းကျင် ကြာနေပြီ ဖြစ်တဲ့ ရုရှား ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် ကိုလဲ အနားယူ ပေးဖို့ ကို တောင်းဆို ခဲ့ကြပါတယ်။ အတိုက်အခံ ခေါင်းဆောင် တွေကလဲ မစ္စတာ ပူတင်ကို ရာထူး ကနေ ဆင်းပေးဖို့ အတွက် တောင်းဆို လိုက်ကြ ပါတယ်။

အဲဒီလို ဆင်းပေးဖို့ အတွက် တောင်းဆို ကြတဲ့ အထဲမှာ အရင် ဆိုဗီယက် ခေါင်းဆောင် ဟောင်း မီခိုင်းလ် ဂေါ်ဗာချော့ဗ် လဲ ပါဝင်ပါတယ်။ မစ္စတာ ဂေါ်ဗာချော့ဗ်က သူ့အနေနဲ့ တော့ မစ္စတာ ပူတင်ကို သွားဖို့ သင့်ပြီလို့ အကြံပြု ချင်ကြောင်း၊ သမ္မတ သက်တမ်း ၂ ဆက် နဲ့ ဝန်ကြီးချုပ် ၁ ဆက် လုပ်ဖူး ပြီး ပြီ ဖြစ်လို့ သက်တမ်း ၃ ဆက် ဆိုတာ လုံလောက်ပြီ လို့ ထင်ကြောင်း နဲ့ အဲဒီလို ကြာလာရင် လူယုံတွေ မွေးတဲ့ အဖြစ် မျိုးတွေ ဖြစ်လာတတ် ကြောင်း တွေကို ပြောသွား ခဲ့ ပါတယ်။

မစ္စတာ ပူတင် ရဲ့ ပြောခွင့် ရသူ ကတော့ ဒီ ဆန္ဒပြသူ တွေဟာ ရုရှား ပြည်သူ အများစုကို ကိုယ်စား ပြုတာ မဟုတ်ကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ တောင်းဆို ချက်တွေကို တော့ အသိအမှတ် ပြုတယ်လို့ လဲ ဆိုပါတယ်။