နိုက်ဂျီးရီးယား တိုက်ပွဲ လူငါးဆယ်ကျော်သေ

  • 24 ဒီဇင်ဘာ 2011
islamists ဓာတ်ပုံ မူပိုင် AFP
Image caption နိုက်ဂျီးရီးယား တိုက်ပွဲ လူငါးဆယ်ကျော်သေ

နိုက်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ အ စိုးရ စစ်တပ်နဲ့ အစ္စလာမ် ဝါဒီတွေ တိုက်ပွဲ ဖြစ်ပွားရာမှာ လူငါးဆယ်လောက် သေဆုံး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်သား သုံးယောက် သေပြီး ခုနှစ်ယောက် ဒဏ်ရာ ရတယ်၊ တဘက်က ဘို ကိုဟာရမ်လို့ ခေါ်တဲ့ စစ်သွေးကြွ အဖွဲ့က ငါး ဆယ်ကျော် သေတယ်လို့ စစ်တပ် အကြီး အကဲ တယောက်က ပြောပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကို အနီးအနား မြို့တမြို့က ရင်ခွဲရုံကို ယူသွားတယ်လို့ လည်း သတင်း ရရှိပါတယ်။

ညလုံးပေါက် တိုက်ပွဲ ဖြစ်ပွားရာမှာ မြို့ခံတွေ ကြောက်လန့်ပြီး ဘေးလွတ်ရာကို အိုးအိမ်ပစ် ထွက်ပြေး ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထားပါတယ်။