ယူကေ မင်းသား ဖိလစ် နှလုံး ခွဲစိတ်မှုခံယူ

  • 24 ဒီဇင်ဘာ 2011
prince philip ဓာတ်ပုံ မူပိုင် AP
Image caption ဗြိတိသျှ ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ် မင်းသား

ဗြိတိသျှ ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ် မင်းသားကြီး နှလုံး ခွဲစိတ်မှု ခံယူ ခဲ့ပြီး သူ့ကို တော်ဝင် မိသားစုဝင်တွေက ဆေးရုံကို လာရောက်ပြီး အားပေး စကား ပြောခဲ့ပါတယ်။

ဘုရင်မကြီး အဲလိဇဘက်၊ ဝေလမင်းသား အ ပါအဝင် သားသုံးယောက်နဲ့ သမီးတို့ပါသွား ရောက် အားပေးစကား ပြောခဲ့ပါတယ်။

အဲဒင်ဘရာ မြို့စား Duke of Edinburgh ဖိလစ်မင်းသားကို ကိန်းဘရစ်ချမြို့ နားက ဆေးရုံမှာ ကုသပေးနေ ပါတယ်။

သူဟာ အသက် ကိုးဆယ့်တနှစ်ထဲ ဝင်လာပြီ ဖြစ်ပြီး ဂရိ တော်ဝင် မိသားစုက ဆင်းသက် လာသူ ဖြစ်ပါတယ်။

ဆေးရုံ တက်နေရတဲ့ အတွက် ဖိလစ် မင်းသားဟာ တော်ဝင် မိသားစုရဲ့ နှစ်စဉ် ကျင်းပနေကြ ခရစ်စမတ် ပွဲတော်ကို တက်ရောက် နိုင်မနိုင် သေချာ မသိရသေးပါဘူး။