အခွန်ဖြတ်တောက်မယ့် ကိစ္စ နှစ်လ ထပ်ဆိုင်း

  • 24 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် none
Image caption အမေရိကန် ကွန်ဂရက် လွှတ်တော်

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အိုဘားမားနဲ့ ရီပါ့ဘလစ်ကန်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်တို့ ကာလရှည်ကြာ ဆွေးနွေး ညှိနှိုင်း နေကြရပြီး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ လခ ထဲက အခွန်ကောက်ခံမှု ဖြတ်တောက်မယ့် ကိစ္စကို နောက်ထပ် နှစ်လ ထပ်ဆိုင်းထားဖို့ အမေရိကန် ကွန်ဂရက်က အတည်ပြု ပေးလိုက်ပါတယ်။

အောက်လွှတ်တော်မှာ လွှမ်းမိုးထားတဲ့ ရီပါ့ဘလစ်ကန်တွေက အခွန်လျှော့ချကောက်ခံဖို့ ကိစ္စကို တနှစ်လောက် ထပ်ဆိုင်းထားချင်တာ ဖြစ်ပေမယ့် နောက်ဆုံးမှာတော့ ဒီမိုကရက်တစ် တွေထိန်းချုပ်ထားတဲ့ အထက် လွှတ်တော်က နှစ်လဘဲ ဆိုင်းထားဖို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စကို ခရစ်စမတ် ပိတ်ရက်ပြီးတော့မှာ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အခွန်ကိစ္စတွေနဲ့ ပတ်သက်ပြီး ထပ်မံ လုပ်ဆောင် စရာတွေ အများကြီး ရှိနေသေးတယ်လို့ သမ္မတ အိုဘားမားက ပြောပြီး ဒါဟာ လူလတ်တန်းစား အမေရိကန်တွေ စွန့်စားရမယ့် အချိန်ဘဲလို့ ညွန်းဆို ပြောသွားခဲ့ပါတယ်။