နိုင်ဂျီးရီးယား ဗုံးခွဲမှုကို ဝိုင်းဝန်းရှုံ့ချ

  • 26 ဒီဇင်ဘာ 2011
nigeria ဓာတ်ပုံ မူပိုင် bbc
Image caption ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတဲ့ နေရာ

နိုင်ဂျီးရီးယား နိုင်ငံမှာ ခရစ်စမတ်စ် နေ့မှာ ဘုရား ရှိခိုးကျောင်းထဲ ဗုံးခွဲ တိုက်ခိုက်ခဲ့လို့ လူပေါင်း ၄၀ လောက် သေဆုံး ခဲ့ရတာကို နိုင်ငံ တကာက ဝိုင်းဝန်း ပစ်တင်ရှုံ့ချ ခဲ့ကြ ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကဒီ တိုက်ခိုက် မှုတွေနဲ့ ပတ်သက် လို့ ပြောကြား ရာမှာ ဒါဟာ အဓိပ္ပါယ် ကင်းမဲ့တဲ့ တိုက်ခိုက် မှုတွေ ဖြစ်ပြီး ဒီ အတွက် တာဝန်ရှိသူ တွေကို ဖော်ထုတ် သွားဖို့ အတွက် နိုင်ဂျီးရီးယား ကို ကူညီ သွားမယ်လို့ ဆိုလိုက် ပါတယ်။

ဗြိတိန် နဲ့ ဂျာမနီ နိုင်ငံတွေက ဒီ တိုက်ခိုက်မှု တွေဟာ သူရဲဘော ကြောင်တဲ့ လုပ်ရပ်တွေ ဖြစ်တယ် လို့ ပြောလိုက် ကြသလို ဗာတီကန် ကတော့ ရူးမိုက်တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန် ကတော့ ဒါဟာ လွတ်လပ်မှုကို ထိပါး လာတဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

ဒီ တိုက်ခိုက်မှု တွေနဲ့ ပတ်သက်ပြီး ခွန်ဒါ ပြည်နယ် အစိုးရရဲ့ ခရစ်ယာန် ဘာသာရေး ဆိုင်ရာ အကြံပေး ဖြစ်သူ ဘုန်းတော်ကြီး ဂျိုးဆက်ပ် ဟာယက် ကတော့ ဘီဘီစီ ကိုပြောကြား ရာမှာ သူ တမနက် လုံး ဘုရားရှိခိုးကျောင်း တွေနဲ့ အဆက်အသွယ် တွေရခဲ့ကြောင်းနဲ့ သူတို့တွေက ဝတ်ပြု ဆုတောင်း ပွဲတွေကို အကျဉ်းခြုံး လုပ်ကြမယ်လို့ ဆိုကြတဲ့ အကြောင်းနဲ့ အချိန် တိုတို လုပ်ကြမယ်လို့ ပြောကြကြောင်း၊ လုံခြုံရေး ကိုလဲ တင်းကြပ်ထား ကြပြီး မဆိုင်သူတွေ မဝင် နိုင်အောင် လုပ်ထား ကြမဲ့ အကြောင်း တွေကို ပြောသွားပါတယ်။

နိုင်ဂျီးရီးယား က အစ္စလာမ် မစ် စစ်သွေးကြွ အဖွဲ့ ဖြစ်တဲ့ ဘိုကိုဟာရမ် အဖွဲ့က ဒီတိုက်ခိုက်မှု တွေကို သူတို့ လုပ်ခဲ့ တာဖြစ်ကြောင်း ပြောပါတယ်။