ယီမင်မှာ ပြည်သူတွေ ဆန္ဒပြကြ

  • 26 ဒီဇင်ဘာ 2011
yemen ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင် က ဆန္ဒပြပွဲ တခု

ယီမင် နိုင်ငံက ဆာနာ မြို့တော် မှာတော့ ထောင်ပေါင်း များစွာ သောပြည်သူတွေ ဆန္ဒပြ ခဲ့ကြပါတယ်။

ဆန္ဒပြ ရခြင်းရဲ့ အကြောင်း ကတော့ စနေနေ့က သမ္မတ အလီ အဗ္ဗဒူလာ ဆာလေးကို တရား စွဲဆို ခံရခြင်းက ကင်းလွတ်ခွင့် ပေးတာကို ပြန်လည် ရုတ်သိမ်း ပေးဖို့ အတွက် တောင်းဆို ဆန္ဒပြကြသူ တွေကို လုံခြုံရေး တွေက ပစ်ခတ် ခဲ့လို့ လူ ၉ ဦး ထက်မနည်း သေဆုံး သွားခဲ့ ရတဲ့ အတွက် ဖြစ်ပါတယ်။ စနေနေ့ က ဆန္ဒပြ ကြသူ တွေက ဒုတိယ သမ္မတ အဘက်ဒ် ရဘ်ဗို မန်ဆူး ဟာဒီ ကိုပါ နုတ်ထွက်ပေး ဖို့ အတွက် တောင်းဆို ခဲ့ကြပါတယ်။

ယီမင် ပါလီမန် ကတော့ ဒီလို ပစ်ခတ် ခဲ့မှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေး မှုတွေ လုပ်ဖို့ အစိုးရကို တောင်းဆို ထားပါတယ်။