ဆီးရီးယား အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွား

  • 26 ဒီဇင်ဘာ 2011
syria ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်မှု ဆက်လက် ဖြစ်ပွားဆဲ ဟွန်း မြို့

ဆီးရီးယား နိုင်ငံ ဟွန်းမစ်် မြို့မှာ နောက်ထပ် အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ တတိယ မြောက်နေ့ အဖြစ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ရာမှာ လူပေါင်း ၂၃ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ဆိုပါတယ်။

"ဗုံးကွဲသံတွေကို ခင်ဗျားတို့ ကြားကြတယ်မဟုတ်လား။ လူ့အခွင့်အရေးဆိုတာ ဘယ်မှာလဲ။ ကမ္ဘာကြီးက ဘာလုပ်နေသလဲ။ ဒီနေရာ တနေရာထဲမှာတင် ဗုံးကြောင့် သေဆုံးခဲ့သူ တွေရဲ့ နာမည် သုံးဆယ်လောက်ကို ကျနော်ပြောပြနိုင်ပါတယ်" လို့ မျက်မြင်သက်သေး တယောက်က ပြောခဲ့ပါတယ်။

ကိုးလကြာ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ဆီးရီးယားနိုင်ငံမှာ ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုမှာကို အာရပ်အဖွဲ့ချုပ်ရဲ့ လေ့လာသူ ငါးဆယ် ယောက် လာရောက် လေ့လာမယ့် အချိန်မတိုင်ခင်မှာ အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။