ဟော်မ်စ်မြို့က ပစ်ခတ်မှု အနည်းဆုံး လူ၁၈ယောက် သေဆုံး

  • 27 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဟောမ်စ်မြို့က အခြေအနေ

ဆီးရီးယား နိုင်ငံမှာ အာရပ်အဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ရောက်ရှိလာပါပြီ။

အခုနှစ် အစောပိုင်း ကတည်းက စတင် ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အတွင်း လုံခြုံရေး တပ်ရဲ့ နှိမ်နင်းမှုကြောင့် လူထောင်နဲ့ချီ သေဆုံးနေရာမှာ ဒီလို အကြမ်းဖက် နှိမ်နင်းမှုတွေ ရပ်သွားစေဖို့ ရည်ရွယ်ချက်နဲ့ အာရပ် အဖွဲ့ချုပ်က စုံစမ်း စစ်ဆေးရေးမှူး တွေကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သတင်းတွေ အရ ဟော်မ်စ်မြို့မှာ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး လူ၁၈ယောက် သေဆုံးသွားတယ် သိရပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ အဓိကရုန်းဖြစ်ရာ ဒေသတွေကနေ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို ဆုတ်ခွာ ပေးဖို့ လိုအပ်တယ်လို့ သူတို့ မြင်တဲ့ အကြောင်း အာရပ်အဖွဲ့ချုပ် က ပြောပါတယ်။

အာရပ်အဖွဲ့ချုပ်က စစ်ဆေးရေးမှူးတွေ ဟော်မ်စ် မြို့ကို အမြန် အရောက်သွားဖို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းထား သလို ဆီးရီးယား အတိုက်အခံ အဖွဲ့တွေကလည်း တိုက်တွန်း နေပါတယ်။

ဆီးရီးယား အစိုးရကတော့ စစ်ဆေးရေးမှူးတွေ အနေနဲ့ သူတို့ သွားလိုရာ လွတ်လွတ် လပ်လပ် သွားလာနိုင်တယ်လို့ ဆိုပါတယ်။