ပါကစ္စတန် စစ်တပ်ကို ပိုယုံကြည်ဖို့နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ လို

  • 27 ဒီဇင်ဘာ 2011
Image caption အမေရိကန် တပ်အကြီးအကဲ James Mattis

ပြီးခဲ့တဲ့ လတုန်းက အမေရိကန်ရဲ့ လေကြောင်းက စစ်ဆင်မှုကြောင့် ပါကစ္စတန် စစ်သား ၂၄ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ် အပေါ် ယူသင့်တဲ့ အဓိက သင်ခန်းစာ ကတော့ ပါကစ္စတန် စစ်တပ်ကို ပိုမို ယုံကြည်မှု ထားဖို့နဲ့ ပိုပြီး ဆက်သွယ် ဆောင်ရွက်ဖို့ လိုတာတွေ ပါဘဲလို့ အမေရိကန် ပင်မတပ် အကြီးအကဲက ပြောကြားလိုက်ပါတယ်။

အာဖဂန်နစ္စတန် နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေး ဆိုးဆိုးရွားရွား တင်းမာခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးချက် ရလဒ်ကို ထုတ်ပြန်ရာမှာ ဗိုလ်ချုပ်ကြီး James Mattis က စစ်တပ်တွေ အားလုံးက နယ်စပ် နှစ်ဖက်စလုံးမှာ ချထားတဲ့ စစ်တပ် စခန်းတွေ အားလုံးကို ဖွင့်ချပြောဖို့ လိုတယ်လို့ တောင်းဆို လိုက် ပါတယ်။

အာဖဂန် နစ္စတန်က နေတိုးတပ်ဖွဲ့ အကြီးအကဲကိုလည်း နယ်စပ်က တပ်ဖွဲ့တွေနဲ့ နှစ်ဘက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့ သူက ညွှန်ကြားခဲ့ပါတယ်။