ဆန္ဒပြသူတွေ ဦးတည်ရာမဲ့နေတယ်လို့ ပူတင်ကဆို

  • 27 ဒီဇင်ဘာ 2011
Putin ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာပူတင်ဟာ မတ်လ သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်

ရုရှ နိုင်ငံ မှာ လာမယ့် မတ်လ အတွင်း ကျင်းပဖို့ ရှိတဲ့ သမ္မတ ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင် ဖို့ ပြင်ဆင် နေတဲ့ လက်ရှိ ဝန်ကြီးချုပ် ဗလာဒီမျာ ပူတင်က အတိုက်အခံ လှုပ်ရှား မှုတွေဟာ ဦးတည်ချက် မရှိ ခေါင်းဆောင် မရှိတဲ့ ဆောင်ရွက်ချက် တွေသာ ဖြစ်တယ် လို့ ပြောလိုက် ပါတယ်။

စနေနေ့ တုန်းက မော်စကို မြို့မှာ လူစု လူဝေးနဲ့ ဆန္ဒပြ မှုတွေ ဖြစ်ခဲ့ ပြီးတဲ့ နောက်ပိုင်း သူက ခုလို ပထမဆုံး ပြောခဲ့ တာပါ။

ဆန္ဒပြ သူတွေဟာ ခုလ စောစော ပိုင်းမှာ ကျင်းပ ခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ ကို တရားမဝင် ဖြစ်အောင် ကြိုးပမ်း နေကြ တာသာ ဖြစ်တယ် လို့လည်း သူက ထိုးနှက် ပြောကြား ခဲ့ ပါတယ်။

မစ္စတာ ပူတင်ဟာ လာမယ့် သမ္မတ ရွေးကောက်ပွဲ မှာ ရှေ့က ပြေးနေ ပေမယ့် သူ့ကို စိန်ခေါ် ယှဉ်ပြိုင် ကြမယ့် သူတွေ လည်း အတော် များများ ရှိနေ ပါတယ်။