စောင့်ကြည့် လေ့လာရေး အဖွဲ့ ဆီးရီးယားကို ရောက်လာ

  • 27 ဒီဇင်ဘာ 2011
Syria ဓာတ်ပုံ မူပိုင် Getty
Image caption စောင့်ကြည့် လေ့လာသူတွေ မရောက်လာခင် တင့်ကားတွေ မြို့ပြင် ထွက်သွားတာ လို့ဆို

ဆီးရီးယား မှာ အစိုးရ ဆန့်ကျင် သူတွေကို အကြမ်းဖက် နှိမ်နှင်းမှုတွေ မလုပ်ဖို့ အစိုးရရဲ့ ကတိပေးချက် အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း ရှိမရှိ စောင့်ကြည့် လေ့လာဖို့ အတွက် အာရပ် အဖွဲ့ချုပ် က ကိုယ်စားလှယ် အဖွဲ့ဟာ Homs မြို့ကို ရောက်ရှိ လာ ပါတယ်။

အစိုးရ တင့်ကား တွေဟာ အရပ်အဖွဲ့ချုပ် က စောင့်ကြည့် လေ့လာ သူတွေ ရောက်မလာခင် လေးမှာဘဲ မြို့ထဲကနေ ဆုတ်ခွာ သွားကြတာ ဖြစ်တယ်လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။

အာရပ် အဖွဲ့ချုပ်က စောင့်ကြည့် လေ့လာ သူတွေ ရောက်လာလို့ အစိုးရ တင့်ကား တွေဟာ အဓိက လမ်းမကြီး တွေပေါ် ကနေ ဆုတ်ခွာ သွားခဲ့ ပေမယ့် မြို့ရဲ့ အနီး အနား မှာဘဲ ရှိနေ တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

Homs မြို့ဟာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု တွေရဲ့ ဗဟိုချက် နေရာ တခု ဖြစ်လာ နေပါတယ်။

မကြာသေးခင် လတွေ အတွင်း အကြမ်းဖက် မှုတွေလည်း အကြီးအကျယ် ကြုံခဲ့ ရတဲ့ နေရာ ဖြစ်ပြီး တနင်္လာနေ့ တနေ့ထဲ မှာတွင် အဲဒီမှာ လူ ၃၀ လောက် သေဆုံး သွားခဲ့ ပါတယ်။

ဒါပေမယ့် အစိုးရကို ဆန့်ကျင် ရှုတ်ချ နေတဲ့ ဆန္ဒပြ သူတွေ မြို့ထဲမှာ ထောင်နဲ့ချီ ရှိနေ ဆဲဘဲလို့ ဆန္ဒပြ သူတွေက ဆိုပါတယ်။