ဆီးရီးယားမှာ သေနတ်သံ ကြားနေရဆဲ

  • 28 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပစ်ခတ်မှုကြောင့် မီးခိုးတလိမ့်လိမ့် တက်နေတဲ့ Homs မြို့

ဆီးရီးယားမှာ ငြိမ်းချမ်းရေး သဘောတူညီချက် အတိုင်း လုပ်ဆောင်နေရဲ့လား ဆိုတာကို စောင့်ကြည့် လေ့လာဖို့ Homs မြို့ကို အာရပ်အဖွဲ့ချုပ်က စစ်ဆေးရေးမှူးတွေ ရောက်လာတဲ့ အခါ သောင်းနဲ့ချီတဲ့ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ ကြပါတယ်။

ဒေါသထွက်နေတဲ့ ဒေသခံတွေက အနီးက သွေးအိုင်တခုကို ခေါ်ပြပြီး ဆီးရီးယား အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ စစ်ဆေးရေးမှူး တွေကို တိုက်တွန်း လိုက်ပါတယ်။

အဲဒီလို စုံစမ်း စစ်ဆေးရေးမှူးတွေ လှည့်လည် ကြည့်ရှုချိန် အတွင်းမှာကို သေနတ်သံတွေ ကြားနေရပါတယ်။

ဒီနေ့ အစိုးရက အားကစားရုံမှာ ပန်းခြံတွေမှာ တင့်ကားတွေကို ဖွက်ထားတယ်လေ ဒါပေမယ့် အစိုးရ အားလုံးကိုတော့ ဖုံးကွယ် မထားနိုင်ပါဘူးလို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တယောက်က ဆိုပါတယ်။