တရုတ် လူ့အခွင့်အရေး လှုပ်ရှားနှစ်ဦး ကိုရုံးတင်

  • 29 ဒီဇင်ဘာ 2011
China ဓာတ်ပုံ မူပိုင် Reuters
Image caption Nu Yulan ကို အမှုစစ်တဲ့ တရားရုံး ရှေ့မှာ သမီးဖြစ်သူ နဲ့ သတင်းထောက်တွေ အင်တာဗျူး

တရုတ် နိုင်ငံမှာ အရပ်ဖက် အခွင့် အရေး အတွက် လှုပ်ရှားသူ နှစ်ဦးကို ဘေကျင်းမြို့ တရားရုံး တခုမှာ ရုံးတင် စစ်ဆေး နေပြီး ဒါဟာ တရုတ် အစိုးရက သူတို့ကို ဆန့်ကျင် သူတွေ အပေါ် သည်းခံမှု ပိုနည်းပါး လာတာကို ပြသ နေကြောင်း ဒီလူ နှစ်ဦး အပေါ် ထောက်ခံ သူတွေက ပြောပါတယ်။

တရုတ် အစိုးရ ရဲ့ အိမ်ယာတွေ အဓမ္မ သိမ်းပိုက်ခြင်း ခံရသူ တွေကို ဥပဒေကြောင်း အရ အကူညီ ပေးခဲ့တဲ့ Nu Yulan နဲ့ သူ့ခင်ပွန်း ဖြစ်သူ Don Jiqin တို့ကို လိမ်လည်မှု နဲ့ မဟုတ်မတရား ပြောဆိုမှု တွေ အတွက် တရား စွဲဆို ထားတာ ဖြစ်ပါတယ်။

Nu Yulan ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် တုန်းက သူ့ရဲ့ နေအိမ်ကို ဖျက်ပြီး အဲဒီ နေရာမှာ အိမ်ယာ သစ်တွေ တည်ဆောက်ဖို့ အစိုးရရဲ့အစီအစဉ်ကို ဆန့်ကျင် ခဲ့တာကြောင့် ထောင် နှစ်ကြိမ် ကျခဲ့ပြီး မစွမ်းမသန် ဖြစ်တဲ့ အထိ ရဲတွေရဲ့ ရိုက်နှက် ခြင်းကို ခံခဲ့ ရသူ ဖြစ်ပါတယ်။

အခုလ အစောပိုင်း တုန်းကလည်း အာဏာရ ကွန်မြူနစ် ပါတီ အပေါ် ဝေဘန် ခဲ့တဲ့ အခြားလူ နှစ်ဦးကို နိုင်ငံတော် ပြိုကွဲအောင် ကြံစည်မှု နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ အပြစ်ပေး ခဲ့ပါတယ်။