ဖိလစ်ပိုင်း သမ္မတဟောင်းကို စွဲချက်ထပ်တိုး

  • 29 ဒီဇင်ဘာ 2011
Philippine ဓာတ်ပုံ မူပိုင် AFP
Image caption အာရိုယိုကို စစ်တပ် ဆေးရုံမှာ ထိမ်းသိမ်းထား

ဖိလစ်ပိုင် သမ္မတဟောင်း ဂလိုရီယာ အာရိုယို ကို အဂတိ လိုက်စား မှုနဲ့ နောက်ထပ် စွဲချက် ထပ်တင် လိုက် ပါတယ်။

တရုတ် နိုင်ငံနဲ့ သဘောတူ ထားတဲ့ ဒေါ်လာ သန်း ၃၀၀ ကုန်ကျ မယ့် တယ်လီဖုန်း ဆက်သွယ်ရေး စံနစ် စီမံကိန်း မှာ သူ့ရဲ့ ခင်ပွန်း ဖြစ်သူ နဲ့ အခြား အဆင့်မြင့် အစိုးရ အရာရှိ နှစ်ဦးဟာ ကိုယ်ကျိုး အတွက် ငွေကြေး အလွဲ သုံးစား မှုတွေ လုပ်ခဲ့ တယ်လို့ စွပ်စွဲ ခံနေရ ပါတယ်။

မစ္စစ် အာရိုယို ကို ရွေးကောက်ပွဲ မဲလိမ်မှု စွပ်စွဲချက် တွေနဲ့ စစ်တပ် ဆေးရုံ တခုမှာ ထိမ်းသိမ်း ထားပြီး ဖြစ်ပါတယ်။

မစ္စစ် အာရိုယို ကတော့ သူ့အနေနဲ့ အမှားအယွင်း လုပ်ခဲ့တာ မရှိကြောင်းနဲ့ လက်ရှိ အစိုးရဟာ သူ့ကို နိုင်ငံရေး အရ အရေး ယူဖို့ ကြိုးစား နေတာ ဖြစ်ကြောင်း ပြောပါတယ်။