ဆီးရီးယား နဲ့ အာရပ် အဖွဲ့ချုပ်

  • 29 ဒီဇင်ဘာ 2011
syria ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား

ဆီးရီးယား မှာ အာရပ် အဖွဲ့ချုပ်က အကြမ်းဖက်မှု တွေ ချုပ်ငြိမ်းစေဖို့ စောင့်ကြပ် လေ့လာရေး ခရီးစဉ် ထွက်လာစဉ် မှာ ဘဲ အကြမ်းဖက်မှု တွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

Homs မြို့၊ Derra နဲ့ Idlib မြို့ တွေမှာ လူ ၁ဝ ဉီး ခန့် အစိုးရ တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ သေဆုံးကြောင်း အတိုက်အခံ တွေက ပြောပါတယ်။ ကလေးတဦး ရဲ့ အလောင်း ကို အာရပ် အဖွဲ့ချုပ်ဝင်တွေ စီးလာတဲ့ ကားရဲ့ ဘောနက်ပေါ်မှာ တင်ပြီး အင်တာနက်ပေါ် မှာ တင်ကြပါတယ်။

အာရပ် အဖွဲ့ချုပ်ဝင် တွေက ဆီးရီးယား လုံခြုံရေး အစောင့်တွေ မပါဘဲ Homs မြို့ က ဆိုးဆိုးဝါးဝါး တိုက်ခိုက်မှု ခံရတဲ့ နေရာတွေ ဆီ သွားရောက် လေ့လာကြပါတယ်။

အာရပ်အဖွဲ့ချုပ် ဘက်ကတော့ လေ့လာစရာတွေ အများကြီး ကျန်သေးတယ်လို့ ဆိုပါတယ်။ လူပေါင်း ၇၅၅ ဦး ကိုတော့ အစိုးရ က လွှတ်ပေးလိုက်ပါတယ်။