လူအခွင့်အရေး အဖွဲ့ ရုံးခန်းတွေကို လုံခြုံရေး တပ်ဖွဲ့ စီးနင်း

  • 30 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption လုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက် စီးနင်း စစ်ဆေး

အီဂျစ်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူ တော်တော်များများနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေရဲ့ ရုံးခန်းတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့တဲ့ အတွက် အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားလိုက်ပါတယ်။

ဝင်ရောက် စီးနင်းခံရတဲ့ အထဲမှာ အမေရိကန် အခြေစိုက် အဖွဲ့နှစ်ခုဖြစ်တဲ့ National Democratic Institute နဲ့ International Republican Institute တို့ ပါဝင်ပါတယ်။

အဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို စိတ် အနှောက်အယှက်ပေးတာ ရပ်ဖို့ အီဂျစ် အစိုးရကို အမေရိကန်က ပန်ကြားလိုက်ပြီး သိမ်းဆည်းသွားတဲ့ ပစ္စည်းတွေ အားလုံးကို ပြန်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

လတ်တလော အီဂျစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ ပြည်ပ အစိုးရတွေရဲ့ ပါဝင် ပတ်သက်မှုတွေ ရှိနေတယ်လို့ လက်ရှိ အစိုးရ က ပြစ်တင် ပြောကြားနေတာ ဖြစ်ပါတယ်။