အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတည်မပြုနိုင်သေး

  • 30 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဝန်ကြီးချုပ် မန်မွန်ဟန်ဆင်းနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ မစ္စတာ ဟာဇာရီ

အိန္ဒိယမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းကို ပါလီမန်မှာ အတည်မပြုနိုင်ခဲ့ တာကြောင့် ဒီကိစ္စရဲ့ ရှေ့ အနာဂတ်ရေး မရေမရာ ဖြစ်နေပါတယ်။

အောက်လွှတ်တော်က အတည်ပြုလိုက်ပေမယ့် ဒီ ဥပဒေကို အထက်လွှတ်တော်မှာ ဆွေးနွေးတဲ့ အခါသန်းခေါင်ယံ အထိ အော်ဟစ် ငြင်းခုန် ကသောင်းကနင်း ဖြစ်ကာ အစည်းအဝေးကို ရပ်ဆိုင်း ထားခဲ့ရပါတယ်။

ဒီဥပဒေမူကြမ်းမှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်လို့ အစိုးရ အရာရှိတွေကို စုံစမ်း စစ်ဆေးရအောင် အာဏာ အပ်နှင်းထားမယ့် ခုံသမာဓိ အဖွဲ့ဖွဲ့ဖို့ အဆိုပြုထားတာ ဖြစ်ပေမယ့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စည်းရုံး လှုပ်ရှားသူတွေကတော့ ဒီ ဥပဒေမူကြမ်းဟာ ထိထိရောက်ရောက် ဆောင်ရွက်သင့်တာတွေ မပါဘူးလို့ ဆိုပါတယ်။

အခုလို ဥပဒေမူကြမ်းကို အတည်မပြုနိုင်တာဟာ ဝန်ကြီးချုပ် Manmohan Singh နဲ့ ကွန်ဂရက် ဦးဆောင်တဲ့ အစိုးရ အဖွဲ့အတွက် အလားအလာ မကောင်းတဲ့ ဖြစ်ရပ်ဘဲလို့ လေ့လာ သုံးသပ် သူတွေက ပြောနေကြပါတယ်။