မြောက်ကိုရီးယား မူပြောင်းမှာ မဟုတ်

  • 30 ဒီဇင်ဘာ 2011
North Korea ဓာတ်ပုံ မူပိုင် AP
Image caption မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် စျာပန

မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်မ် ဂျုံအီးလ် ကွယ်လွန်ပြီးနောက် သားဖြစ်သူ ကင်မ်ဂျုံ အွန်း သူ့နေရာ မှာ ဆက်ခံလာခဲ့တဲ့ အခုချိန်မှာ မူဝါဒ အပြောင်းအလဲဖြစ်လာမှာကို မမျှော်လင့်ကြဖို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။

လက်ရှိအခြေအနေမှာ ဘယ်လို မူဝါဒ အပြောင်းအလဲမျိုးကိုမှ မမျှော်လင့်ကြဖို့ တောင်ကိုရီးယား ရုပ်သေး အစိုးရ အပါအဝင် ကမ္ဘာတလွှားက ရူးပေါပေါ နိုင်ငံရေး သမား တွေကို ကျနော်တို့ ပြတ်ပြတ်သားသား ကြေငြာ အသိပေးပါတယ်လို့ မြောက်ကိုရီးယား ရုပ်မြင်ကြားသတင်းဌာန ကကြေငြာခဲ့တာဖြစ်ပါတယ်။

ကိုရီးယားရဲ့ ထိပ်ဆုံးအဆင့် အာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသား စစ်ကော်မရှင်က ကင်မ်ဂျုံအီးလ် စျာပနကာလမှာ တောင်ကိုရီးယားရဲ့ ပြုမူပုံတွေဟာ စော်ကားတဲ့ အပြုအမူတွေဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်အစိုးရနဲ့ ဘယ်လို ဆွေးနွေးမှုမျိုးမှ လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ လီမြောင်ဘက် နောက် တက်လာမယ့် အနာဂတ် အစိုးရတွေနဲ့တော့ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။