Maiduguri မြို့မှာ ပေါက်ကွဲမှု ဖြစ်ပြန်ပြီ

  • 30 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် System
Image caption Maiduguri မြို့ပြ မြေပုံ

နိုင်ဂျီးရီးယာ နိုင်ငံ မြောက်ပိုင်း မိုင်ဒူဂရီမြို့က စျေးတခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ လူလေးယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာ ရမှုတွေ ရှိခဲ့ပါတယ်။

စစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ်ကြီး အိုင်ဆာ ကတော့ ဒီပေါက်ကွဲမှုဟာ ဆိုးရွားတဲ့ တိုက်ခိုက်မှု တခု ဖြစ်ပြီး အစ္စလာမ် ဝါဒီ အဖွဲ့ ဘိုခို ဟာရမ်ရဲ့ လက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ် နေ့တုန်းက အနည်းဆုံး လူ၄၂ယောက် သေဆုံးခဲ့ရတဲ့ အဘူဂျာမြို့က ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဗုံးပေါက်ကွဲမှု အပါအဝင် တိုက်ခိုက်မှု အတော်များများဟာ သူတို့လက်ချက် ဖြစ်တယ်လို့ အဲဒီ အဖွဲ့က ဝန်ခံခဲ့တာ ဖြစ်ပါတယ်။