ဆီးရီးယားလက်ဖြောင့်သေနတ်သမားတွေ ရုပ်သိမ်းဖို့ တောင်းဆို

  • 31 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption သေနတ်သမားတွေကို ၂၄ နာရီအတွင်း မရုပ်သိမ်းလျင် အရေးယူ ဆောင်ရွက်မယ်

ဆီးရီးယားအစိုးရက အဆောက်အဦး ခေါင်းမိုးတွေ ပေါ်မှာ စနိုက်ပါ လက်ဖြောင့် သေနတ်သမားတွေ ထားရှိတဲ့ အပေါ် စိုးရိမ်ကြောင်း အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ လေ့လာစောင့်ကြည့်သူတွေက ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

ဒါကြောင့်မို့ အဲဒီ သေနတ်သမားတွေကို ချက်ခြင်း ဖယ်ရှားပေးဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ လေ့လာစောင့်ကြည့်ရေး အဖွဲ့က ဆီးရီးယား အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အင်တာနက်အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယို တခုမှာတော့ ဒဲရာ မြို့မှာရှိတဲ့ လေ့လာ စောင့်ကြည့်နေသူတဦးက သူ့အနေနဲ့ စနိုက်ပါ သနတ်သမားတွေကို တွေ့မြင်ရကြောင်း၊ ဆန္ဒပြသူတွေကို ပြောကြားနေတာကို တွေ့ရပါတယ်။

နောက်ပြီး သူက ဆက်ပြီးပြောရာမှာ ဒီသေနတ်သမားတွေကို ၂၄ နာရီအတွင်း မရုပ်သိမ်း လျင်၊ အရေးယူ ဆောင်ရွက်မှုတွေ လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် အာရပ်အဖွဲ့ချုပ်ရဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဆီးရီးယားကို ရောက်ရှိနေတာ ငါးရက် ရှိသွားပြီ ဖြစ်ပြီး၊ အကြမ်းဖက်မှုတွေကတော့ မရပ်စဲသေးပါ။

ဒမားစကက်စ် အခြေစိုက် Syrian Revolution General Commission အဖွဲ့က အာလီ ဟာဆန်ကတော့ အစိုးရဟာ ပြည်သူတွေအပေါ် အကြင်နာမဲ့စွာ ပြုမူဆက်ဆံ နေတယ်လို့ ပြောပါတယ်။