အီရန် က တာလတ်ပစ် ဒုံးကျည် စမ်းသတ်

  • 1 ဇန်နဝါရီ 2012
Hormuz
Image caption ဟော်မုစ ရေလက်ကြား ဟာ ရေနံတင် သင်္ဘော အများအပြား အားထားရာ ရေလက်ကြားဖြစ်

အီရန် က သူတို့ စမ်းသတ် ပစ်ခတ် တဲ့ တာလတ်ပစ် မစ်ဇိုင်း ဒုံးကျည် ဟာ လေထု ထဲ က သတ်မှတ်ထားတဲ့ ပစ်မှတ် ကို မှန်အောင် ပစ်ခတ် နိုင်ခဲ့တယ် လို့ ကြေညာ ပါတယ်။

ပင်လယ်ကွေ့ နဲ့ အိန္ဒိယ ပင်လယ် တို့ ဆက်စပ် နေတဲ့ ဟော်မုစ ရေလက်ကြား နား မှာ လုပ်နေတဲ့ အီရန်တို့ရဲ့ စစ်ရေး လေ့ကျင့်မှု လုပ်နေစဉ် အခု မစ်ဇိုင်း ဒုံးကျည် ကို ပစ်ခတ် ခဲ့တာပါ။

စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမယ့် တနင်္လာနေ့ မှာ ဒီရေလက်ကြား ထဲ ဖြတ်သန်းသွားလာခွင့် ကို အီရန် က ခွင့်ပြုချက် ပေးထား တဲ့ ရေယာဉ် တွေ ကိုပဲ သွား ခွင့်ပြုမယ် လို့ အီရန် ရေတပ် က ပြော ပါတယ်။

ဒီ ဟော်မုစ ရေလက်ကြား ဟာ ရေနံတင် သင်္ဘော အများအပြား ဖြတ်သန်းသွားလာတဲ့ ရေလက်ကြားဖြစ်ပြီး အီရန် က သူတို့ အပေါ်နိုင်ငံတကာ ရဲ့ ဖိအားတွေ ပိုတိုး လာ မယ် ဆိုရင် အဲဒီ ရေလက်ကြား ကို ပိတ်ပစ် မယ် လို့ ခြိမ်းခြောက် ထားပါတယ်။