အစ္စရေးနဲ့ ပါလက်စတိုင်း ညှိနှိုင်းရေးမှူးတွေ ပထမဆုံး တွေ့ဖို့ သဘောတူ

  • 2 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂျူးအခြေချ အိမ်ယာ ဆောက်လုပ်မှုကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ခဲ့ရ

အစ္စရေးနဲ့ ပါလက်စတိုင်း ညှိနှိုင်းရေးမှူးတွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည် ကျင်းပနိုင်ဖို့ ကြိုးစားခဲ့တဲ့ တနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ဆုံတွေ့ကြဖို့ သဘောတူညီမှု ရခဲ့ပါတယ်။

ငြိမ်းချမ်းရေး တိုက်ရိုက် ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ လေးလေးနက်နက် ကြိုးစားမှုရဲ့ တစိတ်တပိုင်း အဖြစ် အစီအစဉ် တရပ်ကို မနက်ဖန် အင်္ဂါနေ့ကျရင် သူတို့က ကမကထ ပြုပြီး တွေ့ဆုံ စည်းဝေးစေမယ်လို့ ဂျော်ဒန် အစိုးရက ဆိုပါတယ်။

ကုလသမဂ္ဂ ၊ ဥရောပ သမဂ္ဂ ၊ အမေရိကန်နဲ့ ရုရှားတို့ ပါဝင်တဲ့ အရှေ့အလယ်ပိုင်း ကွာတက် အဖွဲ့က သံတမန်တွေလည်း အဲဒီ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

အစ္စရေးက ဂျုးအခြေချ အိမ်ယာတွေ ဆက်လက် ဆောက်လုပ်နေတာကြောင့် ၂ဝ၁ဝ စက်တင်ဘာလ တုန်းက ကျင်းပခဲ့တဲ့ ညှိနှိုင်း ဆွေးနွေးပွဲကတော့ ပျက်သွားခဲ့ ပါတယ်။