တောင်ပိုင်း ဆူဒန် မှာ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ လုံခြုံရေး စိုးရိမ်နေရ

  • 1 ဇန်နဝါရီ 2012
တောင်ပိုင်း ဆူဒန် ဓာတ်ပုံ မူပိုင် trevor
Image caption တောင်ပိုင်း ဆူဒန် မှာ ကူညီနေသူ နိုင်ငံတကာ ကျန်းမာရေး ဝန်ထမ်းတဦး

ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့ ကြီး တခု ဖြစ်တဲ့ MSF က ဝန်ထမ်း ၁၃၀ ကျော် ဟာ ဆူဒန် နိုင်ငံ တောင်ပိုင်း မှာ ထောင်နဲ့ ချီတဲ့ လက်နက် ကိုင် တွေ ရဲ့တိုက်ခိုက်မှု ကနေ လွတ်အောင် တောတွေ ထဲ ဝင်ရောက် ပုန်းအောင်း တိမ်းရှောင် နေရပြီး အခြေအနေ က အလွန်စိုးရိမ်စရာ တွေဖြစ်နေတယ် လို့ MSFပြောပါတယ်။

MSF ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပါသစ်စာရသီ ရာဂျာ ဒရန် က ဝန်ထမ်း အများအပြားနဲ့ အဆက်အသွယ် ပြတ် နေတယ်၊ အလွန်အမင်း စိတ်ပူ နေရတယ် လို့ ပြောပါတယ်။

တောင်ပိုင်းဆူဒန် က ပီဘာ မြို့ ဟာ Luo Nuer မျိုးနွယ်စုဝင် လက်နက်ကိုင် တွေ ရဲ့ လက်အောက် ကို ပြီးခဲ့တဲ့ စနေ နဲ့ ကတည်း က ကျရောက် နေပါတယ်။

လက်နက်ကိုင် တွေ ဟာ မြို့တွင်း က အဆောက် အဦတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွေ ၊ အိမ်တွေ ကို မီးတင်ရှို့ နေတယ်၊ လုယက်တာတွေ လုပ်နေတယ် လို့ မျက်မြင် သက်သေ တွေ က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ လ တွေ အတွင်း Murle မျိုးနွယ်စု လက်နက်ကိုင်တွေ ရဲ့ တိုက်ခိုက်မှု တွေ ကို ပြန်လည် လက်စားချေ ကြတာ ဖြစ်ပါတယ်။

MSF က အခြေအနေ တွေ ငြိမ်သက်သွားတာနဲ့ တပြိုင်နက် သူတို့ ရဲ့ အကူအညီ ပေးရေး အစီအစဉ် တွေ ပြန်စတင်မယ် လို့ ပြောပါတယ်။