Pibo မြို့ကို တောင်ပိုင်းဆူဒန် အစိုးရ ပြန်သိမ်း

ဓာတ်ပုံ မူပိုင် BBC World Service
Image caption တောင်ပိုင်း ဆူဒန်ရဲ့ သမ္မတ ဆဲလ်ဗာ ကီးရာ

တောင်ပိုင်း ဆူဒန် နိုင်ငံမှာ ပြီးခဲ့တဲ့ စနေနေ့တုန်းက လူမျိုးစု အဖွဲ့တခု သိမ်းပိုက်ထားတဲ့ Pibor မြို့ကို အစိုးရတပ်တွေက ပြန်သိမ်းလိုက်နိုင်ပြီလို့ အဲဒီဒေသက ကုလသမဂ္ဂ တပ်ဖွဲ့တွေက ပြောပါတယ်။

ဒါပေမယ့် မြို့စွန်နားမှာတော့ ထောင်သောင်းချီတဲ့ Lou Nuer လူမျိုးစု တိုက်ခိုက်ရေး သမားတွေ ဆက်ရှိနေဆဲ ဖြစ်ပြီး တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ သူတို့ရဲ့ ပြိုင်ဖက် လူမျိုးစု အဖွဲ့က လူတွေကို အန္တရာယ် ပြုနေတယ်လို့ ဆိုပါတယ်။

တောင်ပိုင်း ဆူဒန်မှာ လူမှု ကယ်ဆယ်ရေး ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကလည်း သူတို့ ဝန်ထမ်း ၁၃ဝ ကျော်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်နေရကြောင်း ပြောပါတယ်။

သမ္မတ Salva Kiir က လူနွာလူမျိုးစုတွေရဲ့ တိုက်ခိုက် သိမ်းပိုက်မှုကို ရပ်တန့်ဖို့ ပန်ကြားထားပါတယ်။