ဒေါ်စုနဲ့ ဂျော့ချ်ဆိုးရော့စ် တွေ့ဖို့ရှိ

  • 1 ဇန်နဝါရီ 2012
dassk ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျော့ချ် ဆိုးရော့စ် နဲ့ တွေ့မဲ့ ဒေါ်အောင်ဆန်းစုကြည်

အခု သတင်းပတ် အတွင်းမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အမေရိကန်က ရင်းနှီးမြှုပ်နှံသူနဲ့ ကုသိုလ်ဖြစ်လုပ်ငန်း တွေကို လုပ်ဆောင် နေသူ ဂျော့ချ် ဆိုးရော့စ် တို့တွေ့ဆုံဖို့ရှိတယ် လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောခွင့် ရသူ က သောကြာ နေ့ကပြော ပါတယ်။

တနင်္လာနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဆိုးရော့စ်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံမှာ ဖြစ်တဲ့ အကြောင်း ပြောပေမယ့် ဘာအကြောင်း အရာတွေ ဆွေးနွေး ကြမယ် ဆိုတာ ကိုတော့ မပြောသွား ခဲ့ပါဘူး။

ကမ္ဘာ့ အချမ်းသာဆုံး သူကြွယ် တွေထဲက တဦး ဖြစ်တဲ့ မစ္စတာ ဆိုးရော့စ်ဟာ မြန်မာ နိုင်ငံမှာ ရှိတဲ့ ဒီမိုကရေစီ ရေး လှုပ်ရှားမှုတွေနဲ့ နဲ့ပတ်သက်ပြီး ငွေကြေး ထောက်ပံ့မှု တွေ ပေးထားသူ တဦး ဖြစ်ပါတယ်။ သူရဲ့ Open Society Foundations ခေါ်တဲ့ အဖွဲ့ကနေ မြန်မာနိုင်ငံမှာ ပရောဂျက် လုပ်ငန်း အတော်များများ ကိုလဲ ပံ့ပိုးမှုတွေ ပေးထားပါတယ်။