ဆူဒန် တောင်ပိုင်းက လူမျိုးရေး အဓိကရုဏ်း

  • 2 ဇန်နဝါရီ 2012
south sudan
Image caption နွားခိုးယူမှုက အစပြုပြီး လူမျိုးရေး အဓိကရုဏ်းဆီ ဦးတည်ခဲ့

တောင်ပိုင်း ဆူဒန်နိုင်ငံမှာ တိုင်းရင်းသား မျိုးနွယ်နှစ်ခု ပဋိပက္ခ ဖြစ်ပွားနေခဲ့ကြရာမှာ ရှေ့ဆက်ပိုမို ကြီးထွားလာဖို့ အလားအလာ ရှိတဲ့ အတွက် အသက် အန္တရာယ်ကင်းအောင် ကိုယ်လွတ်ရုန်း ထွက်ပြေးကြဖို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

လောနူအာ မျိုးနွယ်စုတွေရဲ့ လတ်တလော တိုက်ခိုက်မှုတွေကြောင့် မာလီလူမျိုးတွေ သောင်းနဲ့ချီထွက်ပြေးခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ ပီဘာ မြို့ရဲ့ အစိတ် အပိုင်းတော်တော်များများ ဟာ လည်း ဖျက်ဆီး ခေျမှုန်းခံခဲ့ရပြီး ဆေးရုံတရုံလည်း မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။ ကုလသမဂ္ဂတပ်ဖွဲ့တဖွဲ့လည်း ပီဘာမြို့မှာ ရောက်ရှိနေပြီး တောင်ပိုင်း ဆူဒန်နိုင်ငံ တပ်ဖွဲ့နဲ့ အတူရှိနေပါတယ်။

တောင်ပိုင်း ဆူဒန် အစိုးရကလည်း ရဲနဲ့ စစ်တပ်တွေထပ်ပြီး ပို့ဆောင်နေပါတယ်။