အီဂျစ်နိုင်ငံမှာ တတိယအဆင့် ရွေးကောက်ပွဲတွေ ကျင်းပ

  • 3 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အခု မဲပေးပွဲပြီးရင်တော့ အထက်လွှတ်တော် အတွက် ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်

အီဂျစ်နိုင်ငံ အောက်လွှတ်တော်အတွက် တတိယနဲ့ နောက်ဆုံးမြောက် ရွေးကောက်ပွဲ တွေ စတင်နေပြီ ဖြစ်ရာ၊ မဲဆန္ဒရှင်တွေဟာ မဲပေးဖို့အတွက် မဲရုံအပြင်ဘက်တွေမှာ တန်းစီ စောင့်ဆိုင်းနေကြပါတယ်။

အခုရွေးကောက်ပွဲတွေဟာ အီဂျစ်နိုင်ငံ လက်ရှိ သမိုင်းမှာ တရားမျှတမှုနဲ့ လွတ်လပ်မှု အရှိဆုံး ရွေးကောက်ပွဲတွေ ဖြစ်ပုံပေါ်တယ်လို့၊ ကိုင်ရိုရှိ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အောက်လွှတ်တော်အတွက် မဲပေးပွဲတွေ ပြီးရင်တော့ အထက်လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီနောက် လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီဟာ အရပ်သားအုပ်ချုပ်မှုအတွက် ပုံဖေါ် ပေးမယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ အီဂျစ်အာဏာပိုင်တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ရုံးတွေကို ဝင်စီးခဲ့တာကြောင့် အာဏာပိုင်တွေအပေါ် ဝေဖန်ရှုတ်ချမှုတွေ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ခဲ့ပါတယ်။