တောင်ပိုင်းဆူဒန်မှာ လူမျိုးစု နှစ်ခုကြား ပဋိပက္ခဖြစ်

  • 3 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption တောင်ပိုင်း ဆူဒန်က သူပုန် အကြီးအကဲ

တောင်ပိုင်း ဆူဒန်နိုင်ငံ ပီဘိုမြို့ တဝိုက်မှာ လူမျိုးစုတွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ ပြီးတဲ့နောက် ထောင်သောင်းချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ပြိုင်ဘက် လူမျိုးစုတွေကြား တိုက်ခိုက်နေမှုဟာ ဆက်လက် ပိုပြီး ဆိုးရွား လာနိုင် တာကြောင့် အသက်ဘေး အတွက် ကိုယ်လွတ်ရုန်း ထွက်ပြေးကြပါလို့ ရွာသားတွေကို ကုလသမဂ္ဂက သတိပေးထား ပါတယ်။

Lou Nuer နဲ့ Murle လူမျိုးစုတွေကြား ကျွဲနွားအုပ် သိမ်းပိုက် ရယူ လိုမှုနဲ့ ပတ်သက်လို့ အငြင်းပွားရာက ကြာရှည် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အခုနောက်ဆုံး ပေါ်ပေါက် ခဲ့တဲ့ အကြမ်း ဖက်တိုက်ခိုက်မှုတွေကြောင့် ထောင်သောင်းချီတဲ့ မာလီ လူမျိုးတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ ရပါတယ်။

ပီဘိုမြို့ရဲ့ နေရာ တော်တော်များများဟာ ဖျက်ဆီးခံလိုက်ရပြီး ဆေးရုံတရုံလည်း မီးရှို့ခံခဲ့ ရပါတယ်။

အဲဒီမြို့မှာ တောင်ပိုင်းဆူဒန် အစိုးရ တပ်ရင်း တရင်းကို ကုလသမဂ္ဂ တပ်ဖွဲ့ တပ်ရင်း တရင်းက ထောက်ပံ့ကူညီပေးနေတာ ဖြစ်ပါတယ်။

အစိုးရကလည်း ရဲနဲ့ စစ်တပ် အရံအင်အားတွေ ထပ်ပြီး ပို့လွှတ်ပေးနေတယ်လို့ သိရပါတယ်။