စတီဗင် လောရင့်စ် အမှုသတ်သူပေါ်ပြီ

  • 4 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် PA
Image caption အပြစ် ဝန်ခံကြတဲ့ David Norris နဲ့ Gary Dobson

ဗြိတိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်နီးပါးတုန်းက လူမည်း ဆယ်ကျော်သက် စတီဗင် လောရင့်စ် ကို သတ်မှုနဲ့ David Norris နဲ့ Gary Dobson ဆိုတဲ့ လူနှစ်ယောက်က သူတို့မှာ အပြစ်ရှိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

၁၉၉၃ ခုနှစ်တုန်းက လန်ဒန်က ဘတ်စကားမှတ်တိုင် တခုမှာ လူငယ် လူဖြူ ဂိုဏ်း တခုက စတီဗင် လောရင့်စ်ကို တိုက်ခိုက်ခဲ့ ရာမှာ David Norris နဲ့ Gary Dobson တို့က အဲဒီ ဂိုဏ်းထဲမှာ ပါခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ထွက်လာတဲ့ မူခင်းဆိုင်ရာ စမ်းသပ် စစ်ဆေးမှု အထောက်အထားတွေ အရ သူတို့မှာ အပြစ်ရှိကြောင်း ထွက်ပေါ်လာတာဖြစ်ပြီး ဒီအမှုဟာ ဗြိတိန်က လူမျိုးရေး ပြဿနာကို ပေါ်လွင်ထင်ရှား စေခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦး စုံစမ်း စစ်ဆေးမှုက ဆိုးဆိုးရွားရွား မှားယွင်းစွာ ကိုင်တွယ်ခဲ့တယ်လို့ ၁၉၉၉ ခုနှစ်တုန်း တရားဝင် စုံစမ်း စစ်ဆေးမှုမှာ ဖော်ပြထားပြီး လန်ဒန် ရဲတပ်ဖွဲ့ဟာ အဖွဲ့အစည်း ဆိုင်ရာ အရကို လူမျိုးရေး ခွဲခြားမှု ရှိတယ်လို့ အဆုံးသတ် ထားတာ ဖြစ်ပါတယ်။

စတီဖင် လောရင့်စ်ရဲ့ မိခင် ဒိုရင်းက သူ့သားကို သတ်သူတွေဟာ နောက်ဆုံးမှာ တရားဥပဒေနဲ့ ရင်ဆိုင်ရတဲ့ အတွက် စိတ်သက်သာရာရမိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ရဲတွေသာ သူတို့ အလုပ်ကို ကောင်းကောင်း လုပ်ခဲ့ရင် ပြီးခဲ့တဲ့ ၁ဂနှစ် အတွင်းသူ့သားကို သတ်ခဲ့တဲ့ သူတွေ တရားဥပဒေနဲ့ ရင်ဆိုင်ရအောင် ကြိုးစားနေရမှာ မဟုတ်ဘဲ သားအတွက်သာ ပူဆွေးနေရကောင်း နေရမှာပါလို့ ရဲတွေကို ဝေဖန်ခဲ့ ပါတယ်။

လောရင့်စ် မိသားစုရဲ့ တရားဥပဒေ အရ အရေးယူနိုင်ဖို့ မနေမနား ကြိုးပမ်းခဲ့တဲ့ အပေါ် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ချီးကျူးလိုက်ပါတယ်။