တာလီဘန် နဲ့ အမေရိကန် ဆွေးနွေးရေး

  • 5 ဇန်နဝါရီ 2012
fighters
Image caption တာလီဘန် တပ်သားများ

တာလီဘန် နဲ့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကို ပြည်သူလူထု အနေနဲ့ ထောက်ခံ အားပေးမှု ရှိဖို့ အာဖဂန် အစိုးရ က ထုတ်ပြောပါတယ်။

တာလီဘန် ဘက် ကလည်း၊ ပြည်ပ မှာ နိုင်ငံရေးဆိုင်ရာ ဆက်သွယ်ရေး ရုံးခန်းဖွင့်ရေး ကြိုးပမ်းနေတါပါ။

ငြိမ်းချမ်းရေး ရရှိဖို့ အတွက် စေ့စပ် ညှိနှိုင်းမှု ကသာ တခုတည်းသော နည်းလမ်း လို့ အာဖဂန် အစိုးရ က ပြောပါတယ်။

ပြည်ပ ဆက်သွယ်ရေး ရုံးခန်း ကို တာလီဘန် တွေက ကာတာ နိုင်ငံ မှာ ဖွင့်လိုတာပါ။

အခုလို တာလီဘန် ဘက်က စေ့စပ်ရေး နည်းလမ်း ရှာဖွေမှု ဟာ ထူးခြား အရေးပါတဲ့ ခြေလှမ်းလို့ သတင်းထောက် တွေက ပြောပါတယ်။