နိင်ဂျီးရီးယား တိုက်ခိုက်မှု

  • 6 ဇန်နဝါရီ 2012
_nigeria_ ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ဂျီးရီးယား အကြမ်းဖက်မှု

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက် အရပ်ရှိ ဂေါ်မ်ဘေ မြို့ရဲ့ ဘုရားရှိခိုးကျောင်းကို သေနတ်သမား တစု က တိုက်ခိုက်တဲ့ အတွက် လူ သုံးဦးသေဆုံးကြောင်း ရဲ က ပြောပါတယ်။

ညနေပိုင်းဝတ်ပြုချိန် မှာ တိုက်ခိုက်ခံရတဲ့ အခါမှာ သင်းအုပ်ဆရာ ရဲ့ ဇနီးဖြစ်သူ ပါဝင်ကြောင်း ကို သင်းအုပ်ဆရာ ကိုယ်တိုင် က ပြောပြပါတယ်။

ဒီပစ်ခတ်မှု မှာ ဘယ်သူ့လက်ချက် ဆိုတာ မသိရသေးပေမယ့် ခရစ်ယန် ဘုရားရှိခိုးကျောင်းတွေ ဟာ ဘိုကိုဟာရမ် လို့ ခေါ်တဲ့ အစ္စလမ်အုပ်စု ရဲ့ တိုက်ခိုက်မှု တွေကို ခံနေရတါပါ။

သူတို့က ခရစ်ယန်တွေကို ဒေသတွင်းက ထွက်သွားစေချင်တါပါ။ အဲဒီ အတွက် အစိုးရ က နိုင်ဂျီးရီးယား မြောက်ပိုင်း က ခရိုင် တချို့မှာ အရေးပေါ် အမိန့် ထုတ်ထားပါတယ်။