US အလုပ်လက်မဲ့နှုန်း ကျဆင်း

  • 6 ဇန်နဝါရီ 2012
Image caption ဖီလာဒဲလ် ဖီးယားက အလုပ်အကိုင် ရဖို့ တန်းစီ နေသူတွေ

အမေရိကန် ပြည်ထောင်စုမှာ တရားဝင် ကိန်းကဏန်းတွေ အရ အလုပ်လက်မဲ့နှုန်းဟာ သုံးနှစ်အတွင်း အနိမ့်ဆုံး ဖြစ်တဲ့ ဂ.၅ ရာခိုင်နှုန်းကို ပြီးခဲ့တဲ့လတုန်းက ကျဆင်း သွားပြီး အလုပ်အကိုင်သစ် ရရှိသူ အရေအတွက်ဟာ နှစ်သိန်းထိ မြင့်တက်သွားခဲ့ပါတယ်။

အခုလို အလုပ်အကိုင် ရသူတွေ များလာတာကို သမ္မတ အိုဘားမားက ကြိုဆိုလိုက်ပြီး ၂ဝဝ၅ ခုနှစ် နောက်ပိုင်း နှစ်တွေထက် ၂ဝ၁၁ ခုနှစ်မှာ ပုဂ္ဂလိက လုပ်ငန်း တော်တော် များများမှာ အလုပ်အကိုင်တွေ ပိုရခဲ့ကြတယ် ၊ ဒါပေမယ့် လူတွေ အလုပ်လက်မဲ့ ဖြစ်နေတုန်းဘဲ အလုပ်ရှာနေတဲ့ အရေအတွက် အများအပြား ရှိနေတုန်းဘဲ ၊ ရှေ့ဆက် လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် မစ္စတာ အိုဘားမား အပေါ် ထောက်ခံမှု ကျဆင်းလာအောင် ကြိုးစားနေတဲ့ အတိုက်အခံ ရီပါ့ဘလစ်ကန်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ အချည်းနှီး ဖြစ်သွားလိမ့်မယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

ဒါပေမယ့် ဥရောပ စီးပွားရေး အားနည်းမှုက အမေရိကန် စီးပွားရေး တိုးတက်မှုကို ခြိမ်းခြောက်နေတာကြောင့် အဲဒီလို အလုပ်လက်မဲ့ ကျဆင်းမှုနှုန်း ဆက်တိုက် ဆက်ဖြစ်နေမယ့် အလားအလာနဲ့ အလှမ်းကွာ နေလိမ့်ဦးမယ် လို့ သတင်းထောက်တွေက ခန့်မှန်း တွက်ဆ နေပါတယ်။