ဘာရိန်းကို အမေရိကန်က ဝေဖန်

  • 8 ဇန်နဝါရီ 2012
bahrain_protest ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာရိန်းမှ ဆန္ဒပြပွဲ တခု

ဘာရိန်း နိုင်ငံမှာ လူ့အခွင့်အရေး လှုပ်ရှား သူ ခေါင်းဆောင် တဦး ကို ရိုက်နှက် ခဲ့ကြ တဲ့ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွား ဖို့ ဘာရိန်း အစိုးရကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်း လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက ဘာရိန်း နိုင်ငံနဲ့ ပတ်သက်ပြီး ရှားရှားပါးပါး ဝေဖန် ပြောဆိုမှု လို့ ပြောလို့ ရနိုင်ပါတယ်။

သောကြာ နေ့က ဘာရိန်း မြို့တော် မနာမာ မှာ ပြုလုပ် ခဲ့တဲ့ အစိုးရ ကို ဆန့်ကျင်တဲ့ ဆန္ဒပြ ပွဲမှာ လူ့အခွင့် အရေး လှုပ်ရှားသူ နာဘီးလ် ရာဂျပ် ကို ရဲတွေ က ရိုက်နှက် ခဲ့လို့ ဒဏ်ရာ အပြင်းအထန် ရသွား တာနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရကြောင်း အမေရိကန် ဘက်က ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာရိန်း အစိုးရ ဘက်က ငြင်းဆို ထားပြီး ရဲတွေက မစ္စတာ ရာဂျပ် ကို လဲနေတာ တွေ့လို့ ဆေးရုံ ကိုတောင် ပို့ပေး ခဲ့တယ်လို့ ပြောပါတယ်။ ဘာရိန်း နိုင်ငံမှာ အစိုးရ ဆန့်ကျင် သူတွေကို နှိမ်နင်း နေတာနဲ့ ပတ်သက်လို့ နိုင်ငံ တကာက ဝေဖန်မှုတွေ တိုးလာနေ ပါတယ်။

အမေရိကန် ကတော့ အီရန် ဆန့်ကျင်ရေး အတွက် ဘာရိန်းကို မဟာမိတ် လို့ သဘောထား တာကြောင့် မနာမာ မြို့တော်က ဘာရိန်း အစိုးရ အပေါ်မှာ ဝေဖန်မှု တွေကို တတ်နိုင်သရွေ့ မလုပ်တာဘဲ ဖြစ် ပါတယ်။