ဆိုမာလီသူပုန်တွေ ပြိုကွဲနေပြီလို့ ကင်ညာပြော

  • 7 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption လေကြောင်းတိုက်ခိုက်မှုကြောင့် ဆိုမာလီ သူပုန် ၆၀ သေဆုံးသွားတယ်လို့ ပြောပါတယ်

ဆိုမာလီ အစ္စလာမ်မစ် သူပုန်အဖွဲ့ ဖြစ်တဲ့ အဲလ်ရှာဘတ် အဖွဲ့ကို ကင်ညာနိုင်ငံ စစ်တပ်ကနေ ဝင်ရောက် စစ်ဆင် တိုက်ခိုက် နေရာမှာ အခုဆိုရင် အဲလ်ရှာဘတ် အဖွဲ့ဟာ ပြိုကွဲလာနေပြီ ဖြစ်တယ်လို့ ကင်ညာ စစ်တပ်က ပြောပါတယ်။

အဲလ်ရှာဘတ် ခေါင်းဆောင်ပိုင်းအတွင်း အကွဲ အပြဲတွေ ဖြစ်လာနေတာကြောင့် ဒီအဖွဲ့ ကျဆုံးခန်းရောက်ဖို့ သိပ်မလိုတော့ဘူးလို့ ကင်ညာစစ်တပ် ပြောခွင့်ရသူက နိုင်ရိုးဘီမြို့မှာ ရှိတဲ့ သတင်းထောက်တွေကို ပြောပါတယ်။

မနေ့တုန်းက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာလည်း အဲလ်ရှာဘတ် တိုက်ခိုက်ရေးသမား ၆၀ လောက် သေဆုံးသွားပြီး၊ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း သူပုန် အယောက် ၂၀ ဘက်ပြောင်းလာကြတယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လို့ အရှေ့အာဖရိက ဘီဘီစီ သတင်းထောက် ပြောတာကတော့ - အခုသတင်းတွေနဲ့ ပတ်သက်ပြီး မှန်မမှန် အတည်ပြုနိုင်ဖို့ရာ အလွန်တရာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

အဲလ်ရှာဘတ်ကတော့ ကင်ညာတပ်ဖွဲ့တွေကို အနိုင်ယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။