နိုင်ဂျီးရီးယား ပြည်နယ်တခုမှာ ကာဖျူးထုတ်

nigeria ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ဂျီးရီးယား အတိုက်ခိုက် ခံခဲ့ရတဲ့ မြင်ကွင်းတခု

နိင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက် ပိုင်းမှာရှိတဲ့ အဒါမဝါ ပြည်နယ်ထဲမှာ ခရစ်ယာန် ဘာသာဝင် တွေအပေါ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အခုတော့ အချိန်ပြည့် အပြင်မထွက်ရ အမိန့်ကို ကြေငြာထား ပါတယ်။

မြို့ထဲက လမ်းတွေပေါ်မှာ စစ်တပ်က ကင်းလှည့် နေပြီး မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှု လုပ်ငန်း တွေက လွဲလို့ စီးပွားရေး လုပ်ငန်းတွေနဲ့ဈေးဆိုင် တွေအားလုံးကို ပိတ်ထား လိုက်ပြီ ဖြစ်တယ် လို့ ပြည်နယ်ရဲ့ မြို့တော် ယိုလာက လာတဲ့ သတင်းတွေမှာ ဆိုပါတယ်။

မကြာခင် ရက်ပိုင်းတွေ အတွင်းမှာ အဲဒီမှာ ရှိတဲ့ ဘုရား ရှိခိုးကျောင်း၊ လူမှုရေး အဆောက် အအုံ တွေနဲ့ ဆံပင်ညှပ်ဆိုင် တွေပါ မကျန်အောင် အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကို ဟာရမ် အဖွဲ့က တိုက်ခိုက်မှု တွေလုပ်ခဲ့တဲ့ အတွက် လူပေါင်း ၂၉ ဦးထက်မနည်း သေဆုံး ခဲ့ရပြီးဖြစ် ပါတယ်။

ပြီးခဲ့ တဲ့ သတင်းပတ် အတွင်းက ဘိုကို ဟာရမ် အဖွဲ့ရဲ့ တိုက်ခိုက် မှုတွေကို ခံခဲ့ရတဲ့ တခြား နိုင်ဂျီးရီးယား ပြည်နယ် တွေအတွင်းမှာ လဲ အရေးပေါ် အခြေအနေတွေ ကို ကြေငြာထားပြီး ဖြစ်ပါတယ်။