စတီဗင် ဟောကင်း အသက် ၇၀ ပြည့်ပွဲကျင်းပ

  • 9 ဇန်နဝါရီ 2012
stephen_hawking ဓာတ်ပုံ မူပိုင် Getty
Image caption သိပ္ပံ ပညာရှင် စတီဗင် ဟောကင်း

ကမ္ဘာကျော် ဗြိတိသျှ သိပ္ပံ ပညာရှင်ကြီး စတီဗင် ဟောကင်း ဟာ သူ့ရဲ့ အသက် ၇၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို နာမကျန်း ဖြစ်နေတဲ့ အတွက် မတက် ရောက် နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ကိန်းဘရစ်ချ်မှာ ပြုလုပ်တဲ့ အဲဒီ အခမ်းအနားမှာ သူပြောကြားဖို့ စီစဉ်ထားတဲ့ သူ့ရဲ့ သမိုင်းအကျဉ်း လို့ အမည်တပ် ထားတဲ့ သတင်းစကား ကိုတော့မိတ်ဆွေတွေနဲ့လုပ်ဖော် ကိုင်ဘက်တွေ ကို ဖွင့်ပြပေးနိုင် ခဲ့ပါတယ်။

စတီဗင် ဟောကင်း ဟာ အသက် ၂၀ ကျော်ရုံ က စပြီး အာရုံကြော ဆဲလ်တွေ လှုပ်ရှားလို့ မရတဲ့ ဝေဒနာ တမျိုးကို ခံစား နေရ ပေမယ့် သူ့ရဲ့ ထူးချွန်မှု တွေကြောင့် ကမ္ဘာကျော်ပြီး လူသိများ ခဲ့တာ ဖြစ်ပါတယ်။

သူဟာ စကားပြောတာက အစ အသံတု စက်ကနေ တဆင့် ပြောနေရပြီး ဘဝရဲ့ အချိန် တော်တော်များများ ကို ဘီးတပ်ကုလားထိုင် နဲ့ သွားလာနေ ရသူလဲ ဖြစ်ပါတယ်။

သူ့ရဲ့ သတင်းစကား ထဲမှာ သူ အသက် ၁၂ နှစ်လောက်က သူ့ သူငယ်ချင်းက သူကြီးလာရင် ဘာမှ ဖြစ်လာနိုင် မှာမဟုတ်ဘူး ဆိုပြီး သကြားလုံး တထုတ်စာ အလောင်းအစား လုပ်ခဲ့တာ ကိုပါ ထည့်ပြောသွား ခဲ့ပါတယ်။