အိမ်ဖြူတော် အကြီးအကဲ ရာထူးက နှုတ်ထွက်

  • 10 ဇန်နဝါရီ 2012
Image caption အိမ်ဖြူတော် အကြီးအကဲ နှုတ်ထွက်လို့ အိုဘားမား အကြပ်ရိုက်

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲဝင်ဖို့ ဆယ်လ အလိုမှာ အိုဘားမားရဲ့ အရေးအပါဆုံး လက်ထောက်တွေထဲက တယောက်ဖြစ်တဲ့ အိမ်ဖြူတော် အကြီးအကဲ Bill Daley ရာထူးက နှုတ်ထွက်သွားပါတယ်။

ဒီရာထူးမှာ တနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ ပြီးတဲ့နောက် နှုတ်ထွက်ဖို့ ကြိုးစားရတဲ့ မစ္စတာ ဒါလေရဲ့ ဆုံးဖြတ်ချက်ဟာ နှစ်ဖက်စလုံးအတွက် ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

အခုလို အိမ်ဖြူတော် အဆင့်အရာရှိ တယောက် နှုတ်ထွက်မှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေလည်း တအံ့တသြ ဖြစ်ခဲ့ပါတယ်။

လက်ရှိ ဘတ်ဂျက် ဌာနကို တာဝန်ယူထားတဲ့ Jack Lew က လစ်လပ်သွားတဲ့ အိမ်ဖြူတော် အကြီးအကဲ ရာထူးကို ဆက်ခံမှာ ဖြစ်ပါတယ်။

မစ္စတာ ဒါလေဟာ အိမ်ဖြူတော်နဲ့ ပြင်ပ အသိုင်းအဝိုင်းကြား ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်ခဲ့ပေမယ့် သမ္မတရဲ့ အယုံကြည်ရဆုံး အကြံပေး တချို့နဲ့ ကောင်းကောင်း ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူးလို့ သတင်းတွေလည်း ထွက်နေပါတယ်။

ဒီရာထူးဟာ အမေရိကန် နိုင်ငံရေးလောကမှာ အရေးကြီးတဲ့ နေရာ အဖြစ် မှတ်ယူ ထားကြပြီး သမ္မတရဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေကိုလည်း စီစဉ်ပေးရတာလည်း ဖြစ်ပါတယ်။