နိုင်ဂျီးရီးယားက ဘာသာရေး အုပ်စုတွေ နေရပ်ပြန်

  • 10 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption နိုင်ဂျီးရီးယား မြေပုံ

နိုင်ဂျီးရီးယား နိုင်ငံက မွတ်ဆလင်နဲ့ ခရစ်ယန် တွေရဲ့ သက်ဆိုင်ရာ ဘာသာရေး အထွတ်အမြတ် ထားရာ နေရာတွေမှာ တဖက်နဲ့ တဖတ် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ ပြီးတဲ့နောက် နှစ်ဖက် အုပ်စုတွေဟာ ကိုယ့်နေရင်းကို ပြန်လည် ရွေ့ပြောင်း ဝင်ရောက် နေထိုင်လာကြပါပြီ။

မြောက်ပိုင်းက ထောင်သောင်းချီတဲ့ မွတ်ဆလင်တွေဟာ တောင်ပိုင်းကနေ နေရပ်ဒေသကို ပြန်လာ ကြသလို မြောက်ပိုင်းက ခရစ်ယန် တွေကလည်း နေရင်း တောင်ပိုင်းကို ပြန်လည် ဝင်ရောက် လာကြပါတယ်။

နိုင်ဂျီးရီးယား တောင်ပိုင်းက လူတစုက မွတ်ဆလင် ဗလီ တခုကို မီးရှို့ခဲ့တဲ့ အတွက် ဘီနင်မြို့က မွတ်ဆလင် လေးဆယ်ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ် နေ့တုန်းက ခရစ်ယန် ဘုရားကျောင်းတွေကို အစ္စလာမ် ဝါဒီ စစ်သွေးကြွ တွေက တိုက်ခိုက်ခဲ့တဲ့ အတွက် အနည်းဆုံး လူ၃၅ယောက် သေဆုံးခဲ့ ပြီးတဲ့နောက် နိုင်ဂျီးရီးယား နိုင်ငံ တဝှမ်းမှာ ဘာသာရေး တင်းမာမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။